17 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။အိန္ဒိယအစိုးရသည်တူရကီသတင်းဌာနTRT Worldနှင့်တရုတ်နိုင်ငံပိုင်သတင်းဌာနဆင်ဟွာတို၏Xအ​ကောင့်များကိုအိန္ဒိယနိုင်ငံအတွင်းပိတ်ပင်လိုက်သည်။

၂။အ​မေရိကန်သမ္မတထရမ့်သည်​ဆော်ဒီနိုင်ငံတွင်ISISအကြမ်းဖက်အဖွဲ​ခေါင်း​ဆောင်မှဆီးရီးယားသမ္မတဖြစ်လာသူအာမက်အယ်လ်ရှာရာကို​တွေ့ဆုံခဲ့ပြီးဆီးရီးယားနိုင်ငံအ​ပေါ်ပိတ်ဆိုထားမှုများကိုရုတ်သိမ်း​ပေးလိုက်သည်။

၃။ပုပ်ရဟန်းမင်းကြီးကအ​ရှေ့အလယ်ပိုင်းရှိခရစ်ယာန်များအ​နေဖြင့်မိမိတို၏ဇာတိ​မြေကိုစွန့်ခွာခြင်းမပြုရန်တိုက်တွန်းလိုက်သည်။

၄။မနက်ဖန်​မေလ၁၅ရက်၌တူရကီနိုင်ငံတွင်ယူကရိန်းနှင့်​တွေ့ဆုံ​ဆွေး​နွေးမည့်ရုရှားကိုယ်စားလှယ် ၏အမည်ကိုထုတ်​ဖော်​ပြောကြားရန်ရုရှားကငြင်းပယ်လိုက်သည်။

၅။ဥရောပသမဂ္ဂ၏ အထွေထွေတရားရုံးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဥ​ရောပသမဂ္ဂအကြီးအကဲအာဆူလာဗွန်ဒါ​လေယင်နှင့် ပီဖိုက်ဇာ​ဆေးကုမ္ပဏီ၏အမှု​ဆောင်အရာရှိချုပ်အဲလ်ဘတ်ဘိုလာ တိုဖလှယ်ခဲ့သော စာတိုများကို ဥရောပကော်မရှင်က တရားမဝင်သိုဝှက်ထားခဲ့သည်ဟု စီရင်ချက်ချမှတ်လိုက်သည်။
ကာကွယ်ဆေးသဘောတူညီမှုမတိုင်မီ ပေးပိုခဲ့သည့်စာတိုများကို သတင်းသမားများက တောင်းဆိုခဲ့သော်လည်းဥ​ရောပသမဂ္ဂကပြသခြင်းမရှိခဲ့​ပေ။

NOM