နိုင်ငံတကာသတင်းတိုများ
၁။အိန္ဒိယအစိုးရသည်တူရကီသတင်းဌာနTRT Worldနှင့်တရုတ်နိုင်ငံပိုင်သတင်းဌာနဆင်ဟွာတို၏Xအကောင့်များကိုအိန္ဒိယနိုင်ငံအတွင်းပိတ်ပင်လိုက်သည်။
၂။အမေရိကန်သမ္မတထရမ့်သည်ဆော်ဒီနိုင်ငံတွင်ISISအကြမ်းဖက်အဖွဲခေါင်းဆောင်မှဆီးရီးယားသမ္မတဖြစ်လာသူအာမက်အယ်လ်ရှာရာကိုတွေ့ဆုံခဲ့ပြီးဆီးရီးယားနိုင်ငံအပေါ်ပိတ်ဆိုထားမှုများကိုရုတ်သိမ်းပေးလိုက်သည်။
၃။ပုပ်ရဟန်းမင်းကြီးကအရှေ့အလယ်ပိုင်းရှိခရစ်ယာန်များအနေဖြင့်မိမိတို၏ဇာတိမြေကိုစွန့်ခွာခြင်းမပြုရန်တိုက်တွန်းလိုက်သည်။
၄။မနက်ဖန်မေလ၁၅ရက်၌တူရကီနိုင်ငံတွင်ယူကရိန်းနှင့်တွေ့ဆုံဆွေးနွေးမည့်ရုရှားကိုယ်စားလှယ် ၏အမည်ကိုထုတ်ဖော်ပြောကြားရန်ရုရှားကငြင်းပယ်လိုက်သည်။
၅။ဥရောပသမဂ္ဂ၏ အထွေထွေတရားရုံးက ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဥရောပသမဂ္ဂအကြီးအကဲအာဆူလာဗွန်ဒါလေယင်နှင့် ပီဖိုက်ဇာဆေးကုမ္ပဏီ၏အမှုဆောင်အရာရှိချုပ်အဲလ်ဘတ်ဘိုလာ တိုဖလှယ်ခဲ့သော စာတိုများကို ဥရောပကော်မရှင်က တရားမဝင်သိုဝှက်ထားခဲ့သည်ဟု စီရင်ချက်ချမှတ်လိုက်သည်။
ကာကွယ်ဆေးသဘောတူညီမှုမတိုင်မီ ပေးပိုခဲ့သည့်စာတိုများကို သတင်းသမားများက တောင်းဆိုခဲ့သော်လည်းဥရောပသမဂ္ဂကပြသခြင်းမရှိခဲ့ပေ။
NOM