နိုင်ငံတကာသတင်းတိုများ
၁။ယူကရိန်းကပဋိပက္ခရပ်စဲရေးအတွက်အမေရိကန်၏အဆိုပြုချက်တွင်၂၀၁၄ခုနှစ်ကရုရှားသိမ်းယူထားသောခရိုင်းမီးယားကိုရုရှားပိုင်သည်ဟုမှတ်ယူရမည်ဆိုသည့်အချက်ကိုယူကရိန်းကလက်မခံကြောင်းကြေညာသဖြင့်ယနေ့လန်ဒန်တွင်ယူကရိန်းနှင့်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမည့်အစီအစဥ်ကိုအမေရိကန်ကဖျက်သိမ်းလိုက်သည်။
၂။လျှိဝှက်သတင်းပေးသူတစ်ဦးမှ ပေးပိုခဲ့သော စာတစ်စောင်တွင် ကမ္ဘာ့စီးပွားရေးဖိုရမ်တည်ထောင်သူလည်းဖြစ်ကြာရှည်စွာဦးဆောင်ခဲ့သူလည်းဖြစ်သည့်သည့် ကလော့ရှာဝပ် နှင့် သူ၏ဇနီးတိုအား ငွေကြေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်းမှုများ စွပ်စွဲထားပြီးနောက် အဖွဲ ကြီးကစုံစမ်းစစ်ဆေးမှု စတင်လိုက်သည်။
၃။အမေရိကန်၏ အထူးလျှိဝှက် ထောက်လှမ်းရေးဒရုန်းRQ-180တွင် လေထဲမှ ဒုံးကျည်များကို အရည်ပျော်စေနိုင်သော လေဆာလက်နက် တပ်ဆင်ထားပြီးစမ်းသပ်မှုအောင်မြင်ကြောင်းသိရသည်။
၄။တူရကီနိုင်ငံအစ္စတန်ဘူလ်ကမ်းရိုးတန်းတွင်ပြင်းအား၆.၂မဂ္ဂနီကျုရှိငလျင်လှုပ်သည်။
၅။အိန္ဒိယနိုင်ငံကက်ရှ်မီးယားပြည်နယ်ရှိခရီးသွားစခန်းတစ်ခုကိုအကြမ်းဖက်သမားများကမောင်းပြန်သေနတ်များဖြင့်ပစ်ခတ်သဖြင့်ခရီးသွား ၂၅ဦးသေဆုံးပြီး၂၀ဦးဒဏ်ရာရသည်။
NOM
