1 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။ယူကရိန်းကပဋိပက္ခရပ်စဲ​ရေးအတွက်အ​မေရိကန်၏အဆိုပြုချက်တွင်၂၀၁၄ခုနှစ်ကရုရှားသိမ်းယူထား​သောခရိုင်းမီးယားကိုရုရှားပိုင်သည်ဟုမှတ်ယူရမည်ဆိုသည့်အချက်ကိုယူကရိန်းကလက်မခံ​ကြောင်း​ကြေညာသဖြင့်ယ​နေ့လန်ဒန်တွင်ယူကရိန်းနှင့်အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီး​တွေ့ဆုံမည့်အစီအစဥ်ကိုအ​မေရိကန်ကဖျက်သိမ်းလိုက်သည်။

၂။လျှိဝှက်သတင်းပေးသူတစ်ဦးမှ ပေးပိုခဲ့သော စာတစ်စောင်တွင် ကမ္ဘာ့စီးပွား​ရေးဖိုရမ်တည်​ထောင်သူလည်းဖြစ်ကြာရှည်စွာဦးဆောင်ခဲ့သူလည်းဖြစ်သည့်သည့် က​လော့ရှာဝပ် နှင့် သူ၏ဇနီးတိုအား ငွေကြေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ မှားယွင်းမှုများ စွပ်စွဲထားပြီးနောက် အဖွဲ ကြီးကစုံစမ်းစစ်ဆေးမှု စတင်လိုက်သည်။

၃။အမေရိကန်၏ အထူးလျှိဝှက် ထောက်လှမ်းရေးဒရုန်းRQ-180တွင် လေထဲမှ ဒုံးကျည်များကို အရည်ပျော်စေနိုင်သော လေဆာလက်နက် တပ်ဆင်ထားပြီးစမ်းသပ်မှု​အောင်မြင်​ကြောင်းသိရသည်။

၄။တူရကီနိုင်ငံအစ္စတန်ဘူလ်ကမ်းရိုးတန်းတွင်ပြင်းအား၆.၂မဂ္ဂနီကျုရှိငလျင်လှုပ်သည်။

၅။အိန္ဒိယနိုင်ငံကက်ရှ်မီးယားပြည်နယ်ရှိခရီးသွားစခန်းတစ်ခုကိုအကြမ်းဖက်သမားများက​မောင်းပြန်​သေနတ်များဖြင့်ပစ်ခတ်သဖြင့်ခရီးသွား ၂၅ဦး​သေဆုံးပြီး၂၀ဦးဒဏ်ရာရသည်။

NOM

image