နိုင်ငံတကာသတင်းတိုများ
၁။ပြင်သစ်သမ္မတမက်ခရွန်ကယူရိုငွေကြေးသည်အမေရိကန်ဒေါ်လာနေရာတွင်အစားထိုးမည့်ကမ္ဘာ့အရံငွေကြေးဖြစ်လာရန်အလားအလာရှိသည်ဟုပြောလိုက်သည်။
၂။ဟားဗတ်တက္ကသိုလ်ကပြည်ထောင်စုရန်ပုံငွေမှဟားဗတ်တက္ကသိုလ်သိုထောက်ပံ့ငွေဒေါ်လာ၂.၂ဘီလီယံကိုထရမ့်အစိုးရကပိတ်ပင်ထားသည်ဟုဆိုကာအစိုးရကိုတရားစွဲရန်ပြင်ဆင်နေသည်။
၃။ပိုလန်ရှိဆေးရုံများတွင်ယူကရိန်းလူနာများဖြင့်ပြည့်နေပြီးပိုလန်လူနာများသည်အစာအိမ်၊အူလမ်းကြောင်းအထူးကုဆရာဝန်များနှင့်ခွဲစိတ်ဆရာဝန်များဖြင့်ပြသရန်တစ်နှစ်ခန့်စောင့်နေရသည့်အတွက်ယူကရိန်းရွှေ့ပြောင်းနေထိုင်သူများအပေါ်မကျေနပ်မှုများတိုးပွားလျက်ရှိကြောင်းဂျာမနီထုတ်ဝဲလ့်သတင်းစာကဖော်ပြလိုက်သည်။
၄။အမေရိကန်သမ္မတထရမ့်သည်တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တိုက်ရိုက်တွေ့ဆုံပြီးလက်ရှိဖြစ်ပွားနေသောကုန်သွယ်ရေးအငြင်းပွားမှုကိုညှိနှိင်းလိုကြောင်းပိုလီတီကိုမဂ္ဂဇင်းကဖော်ပြလိုက်သည်။
၅။ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအတွက်ဂျပန်ဂြိုဟ်တုမှ ပထဝီဆိုင်ရာ အချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့မည်ဟုDeep Stateမီဒီယာကဖော်ပြသည်။
NOM