2 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ပြင်သစ်သမ္မတမက်ခရွန်ကယူရို​ငွေ​ကြေးသည်အ​မေရိကန်​ဒေါ်လာ​နေရာတွင်အစားထိုးမည့်ကမ္ဘာ့အရံ​ငွေ​ကြေးဖြစ်လာရန်အလားအလာရှိသည်ဟု​ပြောလိုက်သည်။

၂။ဟားဗတ်တက္ကသိုလ်ကပြည်​ထောင်စုရန်ပုံ​ငွေမှ​ဟားဗတ်တက္ကသိုလ်သို​ထောက်ပံ့​ငွေ​ဒေါ်လာ၂.၂ဘီလီယံကိုထရမ့်အစိုးရကပိတ်ပင်ထားသည်ဟုဆိုကာအစိုးရကိုတရားစွဲရန်ပြင်ဆင်​နေသည်။

၃။ပိုလန်ရှိ​ဆေးရုံများတွင်ယူကရိန်းလူနာများဖြင့်ပြည့်​နေပြီးပိုလန်လူနာများသည်အစာအိမ်၊အူလမ်း​ကြောင်းအထူးကုဆရာဝန်များနှင့်ခွဲစိတ်ဆရာဝန်များဖြင့်ပြသရန်တစ်နှစ်ခန့်​စောင့်နေရသည့်အတွက်ယူကရိန်း​ရွှေ့​ပြောင်း​နေထိုင်သူများအ​ပေါ်မ​ကျေနပ်မှုများတိုးပွားလျက်ရှိ​ကြောင်းဂျာမနီထုတ်ဝဲလ့်သတင်းစာက​ဖော်ပြလိုက်သည်။

၄။အ​မေရိကန်သမ္မတထရမ့်သည်တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တိုက်ရိုက်​တွေ့ဆုံပြီးလက်ရှိဖြစ်ပွား​နေ​သောကုန်သွယ်​ရေးအငြင်းပွားမှုကိုညှိနှိင်းလို​ကြောင်း​ပိုလီတီကိုမဂ္ဂဇင်းက​ဖော်ပြလိုက်သည်။

၅။ ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအတွက်ဂျပန်ဂြိုဟ်တုမှ ပထဝီဆိုင်ရာ အချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့မည်ဟုDeep Stateမီဒီယာက​ဖော်ပြသည်။

NOM