12 w - Translate

မေလဆို ကွက်တိပါပဲ... နောက်တစ်လနေရင် iOS 19 မိတ်ဆက်ပြီ 🫠
.
Apple ရဲ့ AI - Apple Intelligence Feature တွေက မိတ်ဆက်ခဲ့တာဆိုရင် ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက WWDC မှာထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး iOS 18 Stable ထွက်တဲ့အချိန်မှာလည်း မထုတ်ပေးနိုင်၊ အောက်တိုဘာလမှ iOS 18.1 မှာ စပြီး နည်းနည်းချင်းစီ ထုတ်ပေးနေဆဲဖြစ်ပါတယ်။
အခုဆို iOS 18.3.1 အထိ Update ရောက်နေပြီဖြစ်ပေမယ့် Apple က မိတ်ဆက်ထားတဲ့ Apple Intelligence ရဲ့ အဓိက Feature ဖြစ်တဲ့ Siri ကို လုံးဝ အသစ်ပြောင်းလဲထား၊ In-App Action Feature တွေပါ ခိုင်းနိုင်မယ့် Feature တွေက အခုထိ မရရှိသေးပါဘူး။
တလောကတော့ Apple ကနေ လာမယ့် ဧပြီလအတွင်းမှာ iOS 18.4 Update နဲ့အတူ Siri အသစ်ကိုပါ ထုတ်ပေးသွားမယ်ဆိုပြီး သတင်းထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Bloomberg Media က Mark Gurman ရဲ့ ပြောကြားချက်အရ ဒါက မဖြစ်နိုင်တော့ပဲ​ ထပ်ပြီး အနောက်ကို ရွေ့ဆိုင်းသွားပြန်ပါပြီ။​
Mark Gurman ရဲ့ ပြောကြားချက်အရတော့ အခု Siri အသစ်ဟာ နောက်ဆုံးအချိန် စမ်းသပ်မှုတွေကြမှ Engineering ပိုင်းနဲ့ Software Bugs တွေကို ကြုံတွေ့လာရတဲ့အတွက် သတ်မှတ်ထားတဲ့ ဧပြီလမှာ iOS 18.4 Update နဲ့ ထုတ်ပေးရမယ့်အစား ထပ်ပြီး အချိန်ယူရတော့မယ်လို့ သိရပါတယ်။​ လောလောဆယ်မှာတော့ Siri အသစ်ကို iOS 18.5 ကြမှ မေလအတွင်းမှာ Update ထုတ်ပေးနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။​
Siri အသစ်ဟာ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုရင် မနှစ်က Apple ပြောသွားတဲ့ပုံအရ - မေးမြန်းမှုတွေကို ပိုပြီး သိနားလည်နိုင်မယ်၊ Third-party App တွေသုံးနေတုန်းမှာ လက်က ထိစရာမလိုပဲ​ Siri ကို App အတွင်းက Function တွေ ခိုင်းစေနိုင်မယ်၊ Siri က On-Screen Awareness ရှိလာပြီး User သုံးနေတဲ့အပေါ်မှုတည်ပြီး ခိုင်းစေမှုတွေကို ဆောင်ရွက်နိုင်မှာပါ။
ဒါပေမယ့် တစ်ဖက်မှာ Samsung Galaxy S25 Series ဖုန်းတွေမှာ ပါလာတဲ့ Galaxy AI က အလားတူ Samsung နဲ့ Google Apps အချင်းချင်း Feature တွေခိုင်းနိုင်တဲ့ Cross-App Action Feature ကို သုံးလို့ရနေပြီ။ On-Screen Awareness Feature ကလည်း OPPO Reno13 လို ဖုန်းတွေမှာပါ Screen Recognition ဆိုပြီး Screen မှာ သုံးနေသမျှကို AI က သိနိုင်နေပြီ။​
ဆိုတော့ Apple က အရမ်းကို Perfect ဖြစ်တဲ့အထိ Fine Tune လုပ်နေလို့ပဲ ဒီလောက်အချိန်ယူနေရသလားတော့ မသိပေမယ့် မေလမှာ Apple Intelligence Feature အကုန်ရရင်တောင် နောက်တစ်လ - ဇွန်လမှာ WWDC Event ကြရင် Major Software Update - iOS 19 က ထပ်မိတ်ဆက်ရတော့မှာပါ။​
iOS 19 ကြရင်တော့ iOS 18 မှာ ရမယ်ပြောထားတဲ့ Feature အကုန်သုံးနိုင်လောက်ပါပြီ 🫠

image