မေလဆို ကွက်တိပါပဲ... နောက်တစ်လနေရင် iOS 19 မိတ်ဆက်ပြီ 🫠
.
Apple ရဲ့ AI - Apple Intelligence Feature တွေက မိတ်ဆက်ခဲ့တာဆိုရင် ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက WWDC မှာထဲက မိတ်ဆက်ခဲ့တာဖြစ်ပြီး iOS 18 Stable ထွက်တဲ့အချိန်မှာလည်း မထုတ်ပေးနိုင်၊ အောက်တိုဘာလမှ iOS 18.1 မှာ စပြီး နည်းနည်းချင်းစီ ထုတ်ပေးနေဆဲဖြစ်ပါတယ်။
အခုဆို iOS 18.3.1 အထိ Update ရောက်နေပြီဖြစ်ပေမယ့် Apple က မိတ်ဆက်ထားတဲ့ Apple Intelligence ရဲ့ အဓိက Feature ဖြစ်တဲ့ Siri ကို လုံးဝ အသစ်ပြောင်းလဲထား၊ In-App Action Feature တွေပါ ခိုင်းနိုင်မယ့် Feature တွေက အခုထိ မရရှိသေးပါဘူး။
တလောကတော့ Apple ကနေ လာမယ့် ဧပြီလအတွင်းမှာ iOS 18.4 Update နဲ့အတူ Siri အသစ်ကိုပါ ထုတ်ပေးသွားမယ်ဆိုပြီး သတင်းထွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Bloomberg Media က Mark Gurman ရဲ့ ပြောကြားချက်အရ ဒါက မဖြစ်နိုင်တော့ပဲ ထပ်ပြီး အနောက်ကို ရွေ့ဆိုင်းသွားပြန်ပါပြီ။
Mark Gurman ရဲ့ ပြောကြားချက်အရတော့ အခု Siri အသစ်ဟာ နောက်ဆုံးအချိန် စမ်းသပ်မှုတွေကြမှ Engineering ပိုင်းနဲ့ Software Bugs တွေကို ကြုံတွေ့လာရတဲ့အတွက် သတ်မှတ်ထားတဲ့ ဧပြီလမှာ iOS 18.4 Update နဲ့ ထုတ်ပေးရမယ့်အစား ထပ်ပြီး အချိန်ယူရတော့မယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Siri အသစ်ကို iOS 18.5 ကြမှ မေလအတွင်းမှာ Update ထုတ်ပေးနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
Siri အသစ်ဟာ ဘာတွေလုပ်ဆောင်နိုင်မလဲဆိုရင် မနှစ်က Apple ပြောသွားတဲ့ပုံအရ - မေးမြန်းမှုတွေကို ပိုပြီး သိနားလည်နိုင်မယ်၊ Third-party App တွေသုံးနေတုန်းမှာ လက်က ထိစရာမလိုပဲ Siri ကို App အတွင်းက Function တွေ ခိုင်းစေနိုင်မယ်၊ Siri က On-Screen Awareness ရှိလာပြီး User သုံးနေတဲ့အပေါ်မှုတည်ပြီး ခိုင်းစေမှုတွေကို ဆောင်ရွက်နိုင်မှာပါ။
ဒါပေမယ့် တစ်ဖက်မှာ Samsung Galaxy S25 Series ဖုန်းတွေမှာ ပါလာတဲ့ Galaxy AI က အလားတူ Samsung နဲ့ Google Apps အချင်းချင်း Feature တွေခိုင်းနိုင်တဲ့ Cross-App Action Feature ကို သုံးလို့ရနေပြီ။ On-Screen Awareness Feature ကလည်း OPPO Reno13 လို ဖုန်းတွေမှာပါ Screen Recognition ဆိုပြီး Screen မှာ သုံးနေသမျှကို AI က သိနိုင်နေပြီ။
ဆိုတော့ Apple က အရမ်းကို Perfect ဖြစ်တဲ့အထိ Fine Tune လုပ်နေလို့ပဲ ဒီလောက်အချိန်ယူနေရသလားတော့ မသိပေမယ့် မေလမှာ Apple Intelligence Feature အကုန်ရရင်တောင် နောက်တစ်လ - ဇွန်လမှာ WWDC Event ကြရင် Major Software Update - iOS 19 က ထပ်မိတ်ဆက်ရတော့မှာပါ။
iOS 19 ကြရင်တော့ iOS 18 မှာ ရမယ်ပြောထားတဲ့ Feature အကုန်သုံးနိုင်လောက်ပါပြီ 🫠
