12 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။ဆီးရီးယားတွင်အာဆတ်အစိုးရပြုတ်ကျရန်USAIDသည်​ဒေါ်လာ၁၅ဘီလီယံသုံးစွဲကာNGOများကိုလက်နက်သဖွယ်အသုံးချခဲ့​ကြောင်းမီဒီယာများက​ဖော်ပြလိုက်သည်။

၂။ယူကရိန်းသမ္မတဇလင်စကီးကသူသည်ရုရှားသမ္မတပူတင်နှင့်တိုက်ရိုက်​ဆွေး​နွေးရန်သ​ဘောတူနိုင်ပါ​ကြောင်း​ပြောကြားလိုက်သည်။ရုရှားဘက်ကဇလင်စကီးနှင့်​ဆွေး​နွေးရန်စကားမရှိဟုတုန့်ပြန်လိုက်သည်။

၃။အ​မေရိကန်စစ်​လေယာဥ်သည်တရားမဝင်အ​မေရိကန်တွင်​နေထိုင်သူအိန္ဒိယလူမျိုး၁၀၄ဦးကိုသယ်​ဆောင်ပြီးအိန္ဒိယ​လေဆိပ်သိုဆင်းသက်ခဲ့သည်။

၄။အ​မေရိကန်နိုင်ငံခြား​ရေးဝန်ကြီးဌာနကနိုင်ငံရပ်ခြားရှိUSAIDဝန်းထမ်းအားလုံး​ဖေ​​ဖော်ဝါရီလ၈ရက်အ​ရောက်အ​မေရိကန်ပြန်လာရန်အမိန့်ထုတ်လိုက်သည်။

၅။ဗီယက်နမ်သည်ပထမဆုံးအနုမြူစွမ်းအင်စက်ရုံနှစ်ရုံ​ဆောက်လုပ်ရန်အ​မေရိကန်၊ရုရှား၊ဂျပန်၊​တောင်ကိုးရီးယား၊ပြင်သစ်တိုနှင့်​ဆွေး​နွေး​နေ​ကြောင်းဗီယက်နမ်က​ကြေညာသည်။

၆။တရုတ်ကအ​မေရိကန်​ရေထွက်ကုန်များတင်သွင်းခွင့်ပိတ်ပင်ထား​သော်လည်း၂၀၂၄ခုနှစ်တွင်ဂျပန်၏စိုက်ပျိုး​ရေး၊သစ်​တောနှင့်​ရေထွက်ကုန်ပြည်ပတင်ပိုမှုသည်၃.၇%တက်လာ​ကြောင်းဂျပန်အစိုးရက​ကြေညာသည်။

NOM