နိုင်ငံတကာသတင်းတိုများ
၁။ဆီးရီးယားတွင်အာဆတ်အစိုးရပြုတ်ကျရန်USAIDသည်ဒေါ်လာ၁၅ဘီလီယံသုံးစွဲကာNGOများကိုလက်နက်သဖွယ်အသုံးချခဲ့ကြောင်းမီဒီယာများကဖော်ပြလိုက်သည်။
၂။ယူကရိန်းသမ္မတဇလင်စကီးကသူသည်ရုရှားသမ္မတပူတင်နှင့်တိုက်ရိုက်ဆွေးနွေးရန်သဘောတူနိုင်ပါကြောင်းပြောကြားလိုက်သည်။ရုရှားဘက်ကဇလင်စကီးနှင့်ဆွေးနွေးရန်စကားမရှိဟုတုန့်ပြန်လိုက်သည်။
၃။အမေရိကန်စစ်လေယာဥ်သည်တရားမဝင်အမေရိကန်တွင်နေထိုင်သူအိန္ဒိယလူမျိုး၁၀၄ဦးကိုသယ်ဆောင်ပြီးအိန္ဒိယလေဆိပ်သိုဆင်းသက်ခဲ့သည်။
၄။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုင်ငံရပ်ခြားရှိUSAIDဝန်းထမ်းအားလုံးဖေဖော်ဝါရီလ၈ရက်အရောက်အမေရိကန်ပြန်လာရန်အမိန့်ထုတ်လိုက်သည်။
၅။ဗီယက်နမ်သည်ပထမဆုံးအနုမြူစွမ်းအင်စက်ရုံနှစ်ရုံဆောက်လုပ်ရန်အမေရိကန်၊ရုရှား၊ဂျပန်၊တောင်ကိုးရီးယား၊ပြင်သစ်တိုနှင့်ဆွေးနွေးနေကြောင်းဗီယက်နမ်ကကြေညာသည်။
၆။တရုတ်ကအမေရိကန်ရေထွက်ကုန်များတင်သွင်းခွင့်ပိတ်ပင်ထားသော်လည်း၂၀၂၄ခုနှစ်တွင်ဂျပန်၏စိုက်ပျိုးရေး၊သစ်တောနှင့်ရေထွက်ကုန်ပြည်ပတင်ပိုမှုသည်၃.၇%တက်လာကြောင်းဂျပန်အစိုးရကကြေညာသည်။
NOM