နိုင်ငံတကာသတင်းတိုများ
၁။အမေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီအနီးရေဂင်အပြည်ပြည်ဆိုင်ရာလေဆိပ်ကောင်းကင်ယံတွင်ခရီးသည်၆၀ဦးတင်ဆောင်ပျံသန်းလာသည့်ခရီးသည်တင်လေယာဥ်သည်စစ်တပ်မှဘလက်ဟောက်ခ်ရဟတ်ယာဥ်တစ်စီးနှင့်တိုက်မိပြီးမြစ်အတွင်းပျက်ကျသွားခဲ့သည်။ယခုအချိန်အထိလေယာဥ်ပျက်မှအလောင်း၁၈လောင်းဆယ်ယူရရှိထားသည်။
၂။အမေရိကန်အစိုးရသည်မြန်မာကျောင်းသား များအတွက်ပညာသင်ဆုဒေါ်လာ၄၅သန်းကိုပယ်ဖျက်လိုက်သလိုပြည်နှင်ဒဏ်ပေးမည့်စာရင်းတွင်မြန်မာ၆၇၉ဦးကိုထည့်သွင်းထားသည်။
၃။အမေရိကန်တွင်ရဟတ်ယာဥ်နှင့်တိုက်မိပြီးပျက်ကျသွားသောလေယာဥ်ပေါ်၌ရုရှားစကိတ်ချန်ပီယံစုံတွဲပါသွားကြောင်းရုရှားအစိုးရကကြေညာ သည်။
၄။ကိုရမ်ကျမ်းစာအုပ်မီးရှိပွဲစီစဥ်သူအီရတ်မှရွှေ့ပြောင်းလာသည့်ဆယ်လ်မန်မွမ်မီကာကိုစတော့ဟုမ်းမြိုတောင်ပိုင်းတွင်သေနတ်ဒဏ်ရာများဖြင့်သေဆုံးသည်ကိုရဲကတွေ့ခဲ့သည်။
၅။ယူကရိန်းသမ္မတဇလင်စကီးကယူကရိန်းရှိစစ်တက္ကသိုလ်နှင့်စစ်ကျောင်းများမှဆရာအားလုံးကိုစစ်မြေပြင်သိုပိုမည်ဖြစ်ကြောင်း၊သင်တန်းသားများကိုစစ်အကြောင်းသင်ကြားရန်ရှေ့တန်းစစ်မျက်နှာထက်ကောင်းသည့်နေရာမရှိဟုသူကဆက်လက်ပြောဆိုခဲ့သည်။
NOM