13 w - Translate

နိုင်ငံတကာသတင်းတိုများ

၁။အ​မေရိကန်နိုင်ငံ၊ဝါရှင်တန်ဒီစီအနီး​ရေဂင်အပြည်ပြည်ဆိုင်ရာ​လေဆိပ်​ကောင်းကင်ယံတွင်ခရီးသည်၆၀ဦးတင်​ဆောင်ပျံသန်းလာသည့်​ခရီးသည်တင်လေယာဥ်သည်စစ်တပ်မှဘလက်​ဟောက်ခ်ရဟတ်ယာဥ်တစ်စီးနှင့်တိုက်မိပြီးမြစ်အတွင်းပျက်ကျသွားခဲ့သည်။ယခုအချိန်အထိ​လေယာဥ်ပျက်မှအ​လောင်း၁၈​လောင်းဆယ်ယူရရှိထားသည်။

၂။အ​မေရိကန်အစိုးရသည်မြန်မာ​ကျောင်းသား များအတွက်ပညာသင်ဆု​ဒေါ်လာ၄၅သန်းကိုပယ်ဖျက်လိုက်သလိုပြည်နှင်ဒဏ်​ပေးမည့်စာရင်းတွင်မြန်မာ၆၇၉ဦးကိုထည့်သွင်းထားသည်။

၃။အ​မေရိကန်တွင်ရဟတ်ယာဥ်နှင့်တိုက်မိပြီးပျက်ကျသွား​သော​လေယာဥ်​ပေါ်၌ရုရှားစကိတ်ချန်ပီယံစုံတွဲပါသွား​ကြောင်းရုရှားအစိုးရက​ကြေညာ သည်။

၄။ကိုရမ်ကျမ်းစာအုပ်မီးရှိပွဲစီစဥ်သူအီရတ်မှ​ရွှေ့​ပြောင်းလာသည့်ဆယ်လ်မန်မွမ်မီကာကိုစ​တော့ဟုမ်းမြို​တောင်ပိုင်းတွင်​သေနတ်ဒဏ်ရာများဖြင့်​သေဆုံးသည်ကိုရဲက​တွေ့ခဲ့သည်။

၅။ယူကရိန်းသမ္မတဇလင်စကီးကယူကရိန်းရှိစစ်တက္ကသိုလ်နှင့်စစ်​ကျောင်းများမှဆရာအားလုံးကိုစစ်​မြေပြင်သိုပိုမည်ဖြစ်​ကြောင်း၊သင်တန်းသားများကိုစစ်အ​ကြောင်းသင်ကြားရန်​ရှေ့တန်းစစ်မျက်နှာထက်​ကောင်းသည့်​နေရာမရှိဟုသူကဆက်လက်​ပြောဆိုခဲ့သည်။

NOM