15 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတကာသတင်းတိုများ

၁။ယူကရိန်းသည်အ​သေခံဒရုန်းကိုးစင်းဖြင့်ရုရှားကတူရကီသိုဓါတ်​ငွေ့ပို​နေသည့်စက်ရုံကိုစ​နေ​နေ့ကတိုက်ခိုက်ခဲ့​သော်လည်းဒရုန်းအားလုံးကိုပစ်ချခဲ့သည်ဟုရုရှားက​ကြေညာသည်။

၂။ဆက်လက်​လောင်ကျွမ်း​နေ​သော​လော့စ်အိန်ဂျယ်လိစ်မီး​ကြောင့်​သေဆုံးသူ၂၄ဦးအထိမြင့်ဆက်လာပြီးလုယက်သူများသည်မီးသတ်ဝတ်စုံများဝတ်ဆင်လုယက်​လျက်ရှိသည်။

၃။​ရွေး​ကောက်ခံသမ္မတထရမ့်၏အမျိုးသားလုံခြုံ​ရေးအကြံ​ပေး​ဝေါ့ဇ်ကထရမ့်သည်ဂရင်းလန်းကျွန်းကိုရယူရန်စစ်​ရေးအပါအဝင်နည်းလမ်း​ပေါင်းစုံပြင်ဆင်ထား​ကြောင်း​ပြောလိုက်သည်။

၄။ပါလက်စတိုင်းဂါဇာ​ဒေသကိုမီး​လောင်တိုက်သွင်းရန်​ပြောခဲ့​သော​ဟောလီးဝုဒ်သရုပ်​ဆောင်ဂျိမ်းစ်ဝုဒ်စ်၏​နေအိမ်သည်​လော့စ်အိန်ဂျယ်လိစ်တွင်မီး​လောင်ခံခဲ့ရသည်။

၅။ဗြိတိန်ဝန်ကြီးချုပ်စတာမာသည်အ​မေရိကန်​ရွေး​​ကောက်ပွဲကိုချယ်လှယ်ရန်​အေးဂျင့်များလွှတ်ပြီး​ဆောင်ရွက်ခဲ့သဖြင့်ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်​ရောက်ရန်မဖိတ်ကြားပဲချန်ထားခဲ့ခြင်းဖြစ်​ကြောင်းဘီလီယံနာသူ​ဌေးကြီးအီလွန်မတ်စ်ခ်ကသူ၏လူမှုကွန်ရက်Xတွင်​ရေးသားလိုက်သည်။

NOM