နိုင်ငံတကာသတင်းတိုများ
၁။ယူကရိန်းသည်အသေခံဒရုန်းကိုးစင်းဖြင့်ရုရှားကတူရကီသိုဓါတ်ငွေ့ပိုနေသည့်စက်ရုံကိုစနေနေ့ကတိုက်ခိုက်ခဲ့သော်လည်းဒရုန်းအားလုံးကိုပစ်ချခဲ့သည်ဟုရုရှားကကြေညာသည်။
၂။ဆက်လက်လောင်ကျွမ်းနေသောလော့စ်အိန်ဂျယ်လိစ်မီးကြောင့်သေဆုံးသူ၂၄ဦးအထိမြင့်ဆက်လာပြီးလုယက်သူများသည်မီးသတ်ဝတ်စုံများဝတ်ဆင်လုယက်လျက်ရှိသည်။
၃။ရွေးကောက်ခံသမ္မတထရမ့်၏အမျိုးသားလုံခြုံရေးအကြံပေးဝေါ့ဇ်ကထရမ့်သည်ဂရင်းလန်းကျွန်းကိုရယူရန်စစ်ရေးအပါအဝင်နည်းလမ်းပေါင်းစုံပြင်ဆင်ထားကြောင်းပြောလိုက်သည်။
၄။ပါလက်စတိုင်းဂါဇာဒေသကိုမီးလောင်တိုက်သွင်းရန်ပြောခဲ့သောဟောလီးဝုဒ်သရုပ်ဆောင်ဂျိမ်းစ်ဝုဒ်စ်၏နေအိမ်သည်လော့စ်အိန်ဂျယ်လိစ်တွင်မီးလောင်ခံခဲ့ရသည်။
၅။ဗြိတိန်ဝန်ကြီးချုပ်စတာမာသည်အမေရိကန်ရွေးကောက်ပွဲကိုချယ်လှယ်ရန်အေးဂျင့်များလွှတ်ပြီးဆောင်ရွက်ခဲ့သဖြင့်ထရမ့်၏သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်ရန်မဖိတ်ကြားပဲချန်ထားခဲ့ခြင်းဖြစ်ကြောင်းဘီလီယံနာသူဌေးကြီးအီလွန်မတ်စ်ခ်ကသူ၏လူမှုကွန်ရက်Xတွင်ရေးသားလိုက်သည်။
NOM