ထိုင်းနိုင်ငံ စမတ်စခွန်ခရိုင်​မြောင်မြို့ရှိ ရာမ(၂)လမ်းကုန်းကျော်တံတား ပြိုကျရာ လူ‌​လေးဦးသေပြီး ၁၀ဦးဒဏ်ရာရ၊​ သေသူသုံးဦးမှာမြန်မာများဟုသိရ

နိုဝင်ဘာ၂၉

ထိုင်းနိုင်ငံ၊စမတ်စခွန်ခရိုင်၊မြောင်မြို့၊ရာမ(၂) လမ်းပေါ်ရှိ တည်ဆောက်ဆဲ ကုန်းကျော်တံတား ဆောက် လုပ်ရေးလုပ်ငန်းခွင်၌ နိုဝင်ဘာလ(၂၉) ရက်နေ့ယ‌​နေ့နံနက် ၄နာရီကျော်က ကွန်ကရစ်အပိုင်းများပြိုကျမှုဖြစ်ပွားခဲ့ရာလူ‌​လေးဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

အဆိုပါသေဆုံးများနှင့်ထိခိုက်ဒဏ်ရာရခဲ့သူများ သည်ဆောက် လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားများဖြစ်ပြီး အပျက်အ စီးများကြားမှ အလုပ်သမား ၂၅ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ယင်းပြိုကျမှုဖြစ်စဥ်ကြောင့် ရာမ ၂ လမ်းမကို ပိတ်ထားလိုက်ရပြီး အပျက် အစီးများကို အမြန်ဆုံးရှင်းကာလမ်းပြန်ဖွင့်နိုင်ရေးကို ဆောင်ရွက်ပေးနေ‌သည်။​

သေဆုံးသူ​လေးဦးအနက်ရုပ်အ​လောင်းရရှိသူနှစ်ဦးရှိရာထိုင်းတစ်ဦးနှင့်မြန်မာတစ်ဦးဖြစ်ပြီးကွန်ကရစ်ပုံများ​​အောက်တွင်ရုပ်အ​လောင်းမရ​သေးသူနှစ်ဦးမှာမြန်မာလူမျိုးများဟု​ဆောက်လုပ်​ရေးခွင်ရှိမြန်မာအလုပ်သမားများက​ ပြောပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage