ထိုင်းနိုင်ငံ စမတ်စခွန်ခရိုင်မြောင်မြို့ရှိ ရာမ(၂)လမ်းကုန်းကျော်တံတား ပြိုကျရာ လူလေးဦးသေပြီး ၁၀ဦးဒဏ်ရာရ၊ သေသူသုံးဦးမှာမြန်မာများဟုသိရ
နိုဝင်ဘာ၂၉
ထိုင်းနိုင်ငံ၊စမတ်စခွန်ခရိုင်၊မြောင်မြို့၊ရာမ(၂) လမ်းပေါ်ရှိ တည်ဆောက်ဆဲ ကုန်းကျော်တံတား ဆောက် လုပ်ရေးလုပ်ငန်းခွင်၌ နိုဝင်ဘာလ(၂၉) ရက်နေ့ယနေ့နံနက် ၄နာရီကျော်က ကွန်ကရစ်အပိုင်းများပြိုကျမှုဖြစ်ပွားခဲ့ရာလူလေးဦးသေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
အဆိုပါသေဆုံးများနှင့်ထိခိုက်ဒဏ်ရာရခဲ့သူများ သည်ဆောက် လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားများဖြစ်ပြီး အပျက်အ စီးများကြားမှ အလုပ်သမား ၂၅ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ယင်းပြိုကျမှုဖြစ်စဥ်ကြောင့် ရာမ ၂ လမ်းမကို ပိတ်ထားလိုက်ရပြီး အပျက် အစီးများကို အမြန်ဆုံးရှင်းကာလမ်းပြန်ဖွင့်နိုင်ရေးကို ဆောင်ရွက်ပေးနေသည်။
သေဆုံးသူလေးဦးအနက်ရုပ်အလောင်းရရှိသူနှစ်ဦးရှိရာထိုင်းတစ်ဦးနှင့်မြန်မာတစ်ဦးဖြစ်ပြီးကွန်ကရစ်ပုံများအောက်တွင်ရုပ်အလောင်းမရသေးသူနှစ်ဦးမှာမြန်မာလူမျိုးများဟုဆောက်လုပ်ရေးခွင်ရှိမြန်မာအလုပ်သမားများက ပြောပါတယ်။
#သတင်းဟင်းလေးအိုးကြီး

