ပွဲထွက်ကစားခွင့်နေရာအတွက် ဘယ်လင်ဂမ် တိုက်ပွဲဝင်ရမည်ဟု တူချယ် သတိပေးလာ
======================
သောမတ်စ်တူချယ်က ဂျူ့ဘယ်လင်ဂမ်အနေဖြင့် အင်္ဂလန်ပွဲထွက်ကစားခွင့်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် အင်္ဂလန်နည်းပြအဖြစ် သောမတ်စ်တူချယ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ၄ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရခဲ့ကာ ၃ ပွဲအား အရန်အဖြစ် ဝင်ကစားခဲ့ရပါတယ်။

တူချယ်ဟာ သူ ကိုင်တွယ်တဲ့ ၁၃ ပွဲတွင် ၁၂ ပွဲအား ဗီလာရဲ့ မော်ဂန်ရိုဂျာအား အသုံးပြုခဲ့ပါတယ်။ ရိုဂျာဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၈ ပွဲလုံး ပွဲထွက် ကစားခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော သူလည်း ဖြစ်ပါတယ်။

ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းတွင် ပါဝင်ရန် ဘယ်လင်ဂမ်တိုက်ပွဲဝင်ရမလားလို့ မေးမြန်းလာချိန်မှာတော့ တူချယ်က "ဟုတ်ပါတယ်။ သူ တိုက်ပွဲဝင်ရမယ်။ သူက ပွဲထွက်ကစားခွင့်ရသူတွေထဲက တစ်ဦးပါ။ သူလည်း ပွဲထွက်ကစားခွင့်ရသူတွေထဲက တစ်ဦးဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပွဲထွက်ကစားခွင့်ရသူ ၁၄ ဦး သို့မဟုတ် ၁၅ ဦး ရှိပါတယ်။ နေရာက အမြဲတမ်းပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ပွဲထွက်ကစားခွင့်ရထားသူ ၁၄ ဦး သို့မဟုတ် ၁၅ ဦး ရှိပါတယ်။ ဂျူ့လည်း အဲဒီထဲက တစ်ဦးပါ"လို့ ပြောကြားသွားပါတယ်။

ဘယ်လင်ဂမ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့စဉ်တုန်းက ပွဲ ၇ ပွဲလုံး ပွဲထွက်ကစားခဲ့ကာ ၂၉ မိနစ်တည်းသာ ကစားခွင့်မရခဲ့ပါဘူး။

အသက် ၂၂ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ပုခုံးဒဏ်ရာကြောင့် စက်တင်ဘာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲကို လွဲခဲ့သလို လတ်ဗီးယားနှင့် ခြေစစ်ပွဲအတွက် အောက်တိုဘာလစခန်းသွင်းလေ့ကျင့်မှုတွင် မပါဝင်ခဲ့ပါဘူး။

သူဟာ နိုဝင်ဘာလတွင် အင်္ဂလန်အသင်းမှာ ပြန်လည် ရွေးချယ်ခံလာရပေမဲ့ တံကောက်ကြောဒဏ်ရာကြောင့် ခြေစမ်းပွဲများကို လွဲခဲ့ပါတယ်။

image