အာရှမြေမှာ ပထမဆုံးခြေလှမ်းစမည့် ဘရာဇီးလ်နောက်ခံလူ Gilmar ကို ရန်ကုန်စီးတီး ခေါ်ယူ

​မြန်မာနေရှင်နယ်လိဂ် (MNL)သို့ တက်လှမ်းလာသည့် တန်းတက်ကလပ် ရန်ကုန်စီးတီးအသင်း (Yangon City FC) သည် လာမည့်ရာသီသစ်အတွက် အသင်း၏ ခံစစ်ပိုင်းကို အားဖြည့်ရန် ဘရာဇီးလ်နိုင်ငံသား ဗဟိုနောက်ခံလူ Gilmar Rodrigues de Alcântara ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။
​၎င်းသည် ရန်ကုန်စီးတီးအသင်းအတွက် ပထမဆုံးသော ပြည်ပကစားသမား ခေါ်ယူမှုလည်း ဖြစ်ပြီး၊ Gilmar သည် ဘရာဇီးလ်ပြည်တွင်းကလပ်များဖြစ်သည့် Trem၊ Cordino၊ Moto Club-MA၊ Decisão FC နှင့် Miramar EC အစရှိသည့်အသင်းများတွင်ကျင်လည်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက် စုစုပေါင်း (၈၆) ပွဲ ကစားကာ (၁၂) ဂိုး အထိ သွင်းယူထားနိုင်သည့် နောက်ခံလူတစ်ဦးဖြစ် သည်။
​ယခု ရန်ကုန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခြင်းသည် ၎င်း၏ ကစားသမားဘဝတွင် အာရှဒေသသို့ပထမဆုံးအကြိမ်လာရောက်ကစားခြင်းလည်း ဖြစ်သည်။
​​ရန်ကုန်စီးတီးအသင်းသည် လာမည့်ရာသီ MNL ပြိုင်ပွဲတွင် ရလဒ်ကောင်းများရရှိရန်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားကောင်းများကို ခေါ်ယူအားဖြည့်နေပြီး လက်ရှိတွင်​မြတ်ကောင်းခန့်၊ ​သန်းတိုးအောင်၊ ​Gilmar (ဘရာဇီးလ်)တို့ကို ခေါ်ယူထားပြီးဖြစ်ကြောင်း သိရသည်။
ရန်ကုန်စီးတီးအသင်းသည် တန်းတက်ကလပ်တစ်ခုဖြစ်သော်လည်း ယခုကဲ့သို့ အတွေ့အကြုံရှိ ကစားသမားများကို အပြိုင်အဆိုင်ခေါ်ယူနေခြင်းကြောင့် လာမည့်ရာသီတွင် စောင့်ကြည့်ရမည့် အ သင်းတစ်သင်း ဖြစ်လာဖွယ်ရှိနေသည်။

image