4 ရက် - ဘာသာပြန်ပါ။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာ​မေးပွဲကာလ မော်တော်ယာဥ်၊ ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထား

ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာ​မေးပွဲကာလ မော်တော်ယာဥ်၊ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးနိုင်ဝင်းအောင်က popular news သို့ပြောသည်။

လာမည့်မတ်လ ၁၁ ရက်နေ့တွင် ဖြေဆိုကြမည့်တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများ၏ မော်တော်ယာဥ်နှင့်ဆိုင်ကယ်များအား ယာယီသွားလာခွင့်များ ပြုလုပ်ပေးရန်စီစဥ်ထားခြင်းဖြစ်သည်။

မတ်လ ၇ ရက်နေ့မှစတင်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြံချွေတာရေး ကြေငြာချက်အရ လိုက်နာရမည့် စည်းကမ်းချက်များ စတင် အကျုံးဝင်ကြောင်း သိရသည်။

ယခုအခါ လာမည့်မတ်လ ၁၁ ရက်နေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်တော့မည်ဖြစ်သဖြင့် ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာ​မေးပွဲကာလမော်တော်ယာဥ်၊ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းကာ​ မြို့နယ်အလိုက်စီမံဆောင်ရွက်ပေးသွားဖို့လမ်းညွှန်ထားကြောင်း ဧရာဝတီတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှဦးနိင်ဝင်းအောင်က popular news သို့ပြောသည်။

ယခုအစီအစဥ်နှင်ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများအတွက်သာပါဝင်ပြီး သက်ဆိုင်ရာစာစစ်ဌာနတွင် သွားရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။

သို့သော် စာမေးပွဲခန်းစောင့်ရမည့် ဆရာ၊ဆရာမများအတွက်မူ ညွှန်ကြားချက်သီးသန့်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

image