တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲကာလ မော်တော်ယာဥ်၊ ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထား
ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲကာလ မော်တော်ယာဥ်၊ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ပညာရေးဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးနိုင်ဝင်းအောင်က popular news သို့ပြောသည်။
လာမည့်မတ်လ ၁၁ ရက်နေ့တွင် ဖြေဆိုကြမည့်တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ကျောင်းသူများ၏ မော်တော်ယာဥ်နှင့်ဆိုင်ကယ်များအား ယာယီသွားလာခွင့်များ ပြုလုပ်ပေးရန်စီစဥ်ထားခြင်းဖြစ်သည်။
မတ်လ ၇ ရက်နေ့မှစတင်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည့် စက်သုံးဆီခြိုးခြံချွေတာရေး ကြေငြာချက်အရ လိုက်နာရမည့် စည်းကမ်းချက်များ စတင် အကျုံးဝင်ကြောင်း သိရသည်။
ယခုအခါ လာမည့်မတ်လ ၁၁ ရက်နေ့မှာ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်တော့မည်ဖြစ်သဖြင့် ဖြေဆိုကြမည့်ကျောင်းသား၊ကျောင်းသူများအနေဖြင့် စာမေးပွဲကာလမော်တော်ယာဥ်၊ဆိုင်ကယ်များ စုံ၊မ မခွဲသွားလာနိင်ကြစေရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းကာ မြို့နယ်အလိုက်စီမံဆောင်ရွက်ပေးသွားဖို့လမ်းညွှန်ထားကြောင်း ဧရာဝတီတိုင်းပညာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှဦးနိင်ဝင်းအောင်က popular news သို့ပြောသည်။
ယခုအစီအစဥ်နှင်ပတ်သက်၍ ကျောင်းသား၊ကျောင်းသူများအတွက်သာပါဝင်ပြီး သက်ဆိုင်ရာစာစစ်ဌာနတွင် သွားရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။
သို့သော် စာမေးပွဲခန်းစောင့်ရမည့် ဆရာ၊ဆရာမများအတွက်မူ ညွှန်ကြားချက်သီးသန့်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။