မော်လမြိုင်တွင် နေအိမ်မီးလောင်ပြီး သက်ကြီးပိုင်း၂ဦးသေဆုံး
------------------------------

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုနယ်မြေမှာ မတ်လ၂ရက် မနက်အစောပိုင်း ၂နာရီခွဲခန့်က နေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားရာမှာ သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဖြစ်စဉ်ကို သွားရောက်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဘိုဘိုဝင်းRescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်။

အဲဒီမီးလောင်မှုကို မော်လမြိုင်ခရိုင်နဲ့ မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ၊ ရေသယ်ယာဉ်တွေ၊ ဘိုဘိုဝင်းRescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က ရေသယ်ယာဉ်တွေနဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာမှာ မနက်၂နာရီ၅၈မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။

နေအိမ်မီးလောင်မှုကြောင့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာရသွားတဲ့အတွက် ဘိုဘိုဝင်းRescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က မော်လမြိုင်ဆေးရုံကြီးကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

image