5 ပတ် - ဘာသာပြန်ပါ။

အိုးဘို​ထောင်က လွတ်ငြိမ်းသက်သာ

ဒီက​နေ့ လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် လွတ်ငြိမ်းသက်သာ​ပေးတဲ့အထဲမှာ မန္တ​လေး အိုးဘိုထောင်က ၂၈၃​ယောက်လွတ်​မြောက်ပြီး မန္တ​လေးတိုင်းအတွင်းက စုစု​ပေါင်း အကျဥ်း သား ၁၁၆၇ ​ယောက် လွတ်​မြောက်တယ်လို့ အကျဥ်းဦးစီးဌာန အသိုင်းအဝိုင်းက​နေ သိရပါတယ်။
အိုးဘို ​ထောင် ၂၈၃၊ မြင်းခြံ ၁၆၊ မိတ္ထီလာ ၄၆၊ ရမည်းသင်း ၁၈၁ ၊​ညောင်ဦး၂၀ နဲ့ ကုန်ထုတ်စခန်း​တွေက ၆၂၁ စုစု​ပေါင်း ၁၁၆၇ ​ယောက်လွတ်​မြောက်တယ်လို့ စာရင်းအရသိရပါတယ်။
ဒီက​နေ့လွတ်​မြောက်သူ​တွေကို မန္တ​လေးတိုင်း လုံခြုံ​ရေးနဲ့ နယ်စပ်​ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ​နေလင်းစိုးက အမှာစကား​ပြောကြားပြီး လမ်းစရိတ်ချီးမြင့်​ငွေ​ပေးအပ်ကာ ​နေရပ်အသီးသီးကို ပြန်ခွင့်ပြုလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဒီကနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၆၁၃၄ ယောက်နဲ့ နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၅၂ ယောက်တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့သလို အဂတိမှု၊ လက်နက်မှု၊မတရားအသင်းဆက်သွယ်မှုမူးယစ်မှု စတဲ့ ခြွင်းချက်ပုဒ်မ ​၉ခုကလွဲရင် တခြားပုဒ်မနဲ့ ကျခံရသူ​တွေကို ပြစ်ဏ်ရဲ့ ၆ပုံတပုံ ​လျှော့​ပေါ့ခံစားခွင့်ပြုတယ်လို့ အမျိုး သားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက အမိန့်ထုတ်ပြန်ထားပါတယ်။