အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ အထွေထွေညီလာခံကို မြန်မာပါဝင်တက်ရောက်
အာရှတိုက်တစ်ခုလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ Network ထားရှိရန် ကိစ္စများဆွေးနွေး
တရုတ်နိုင်ငံ ချုံချင့်မြို့၌ နိုဝင်ဘာ (၂၆) ရက်မှ (၂၉) ရက်အထိ ကျင်းပသည့် အာရှယဉ်ကျေးမှုအမွေအနှစ်များ မဟာမိတ်အဖွဲ့၏ ဒုတိယအကြိမ်မြောက် အထွေထွေညီလာခံကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို အဖွဲ့ဝင်နိုင်ငံပေါင်း (၂၆) နိုင်ငံက ဖိတ်ကြားထားသည့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများ နိုင်ငံအလိုက်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကိုယ်စားပြု ဒုတိယဝန်ကြီးက “ မြန်မာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေမှု၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရာ၌ တရုတ်နိုင်ငံက သဗ္ဗညုဘုရားကို MOU ရေးထိုးပြီးပြုပြင်ထိန်းသိမ်နေမှု၊ လန်ချန်း-မဲခေါင်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ဖြင့် တရုတ်နိုင်ငံအထောက်အပံဖြင့် လုပ်ဆောင်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျ-က်ဆီးခဲ့သည့် မန္တလေးနန်းမြို့ရိုး၊ အင်းဝပြတိုက် ဘုရားပုထိုးအချို့ကို တရုတ်ပညာရှင်များ လာရောက်ကွင်းဆင်းမှတ်တမ်းတင်အကြံပြုခဲ့ကြမှုများကိုလည်း ဆွေးနွေးခဲ့သည်။
ထို့အတူ အာရှတိုက်တစ်ခုလုံးရှိ ယဉ်ကျေးမှုအမွေအနှစ်များထိန်သိမ်းရေးနှင့် ပတ်သက်၍ Net Work ထားရှိရန် ကိစ္စအပါအဝင် အကြံပြုချက်များကိုလည်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။