လှောင်အိမ်ထဲမှာအမြဲနေရတယ့်ဌက်လေးတွေဘ၀...
အာလူလေးရောက်ခါစမှာ လူ အရမ်းကြောက်ပါတယ်..
လှောင်အိမ် အရမ်းကြောက်ပါတယ်..
လှောင်အိမ်ထဲထည့်တာနဲ့ဆောက်တည်ရာမရ ဟိုပြေး ဒီပြေး လုပ်ပါတယ်..
အိပ်ရင်တောင် လူ လက်လှမ်းမမှီတယ့် ဒေါင့်လေး အမှောင်လေးထဲမှာ ခြင်ကိုက်ကိုက် မရ ရ အောင်သွားပြီး အိပ်ပါတယ်..
စားချိန်လာစားတယ်.. ညအိပ်တော့မယ်ဆိုရင်တော့ အဲလို နေရာမျိုးရှာပြီး သွားအိပ်ရော..
အဲလိုနဲ့ နေလာတာ.. တရက်... ကိုယ်အလုပ်သွားဖို့ အ၀တ်လဲပြီးချိန်မှာ ဗုတ်ကနဲ ကိုယ့်ပခုံးပေါ် လာနားတယ်.. မျက်နှာလေး ကိုလည်း ကြည့်လို့..
သူအိမ်မှာနေရတာ ပျင်းလို့ထင်တယ်..
ကိုယ်နဲ့ လိုက်ချင်တယ့်သဘောမျိုးလေး..ဒါနဲ့ ဘဲ အလုပ်ကိုခေါ်လာဖြစ်တယ်..
အလုပ်မှာလည်း သူ့ဘာသူလေးနေတယ်...
မှန်တွေရှိတယ့်နေရာက အပြင်ကိုမြင်နေရတာ ကို.. မှန်ရှိတာ မသိဘဲ ခနခန ပျံဘူးတယ်.. ဗုတ်ကနဲကျ.. ကိုယ်က ကောက်.. တော်သေးတာပေါ့ တချို့. ဌက်လေးတွေ အရှိန်နဲ့ပျံ.. မှန်ကို ၀င်တိုက်ပြီးသေတာ.. ခုမှသိတာ😌😌😔
အာလူးလေး အရင် နေခဲ့ရတယ့်ဘ၀က လှောင်အိမ်ကျဥ်းကျဥ်းလေးထဲမှာ... လူတွေက တုတ်နဲ့. စလိုက်.. ဆော့လိုက် လုပ်ခံထားရတယ့် ဘ၀လေး ဖြစ်ပါလိမ့်မယ်..
သူ့ရယ် အမှတ်သညာက ခုထိ သူများ ပခုံးပေါ်လာနားချင် နားမယ်..kiss aပေးချင်ပေးမယ်..
ဒါပေမယ့် အမေကလွဲပြီး..သူ့ကိုဆုပ်ကိုင်လို့ မရပါဘူး.. .တခြားလူတွေကို .. သူမယုံသေးပါဘူး..
တခြား လှောင်အိမ်ထဲမှာ အမြဲ နေနေ ရတယ့် ဌက်လေးတွေကို စတာမျိုး..လးတွေ စလို့ ရန်တွေ့ရင် သဘောကျနေတာမျိုးတွေ မြင်ခဲ့ရင် အဲလို တွေ မလုပ်ဖို့ ပြောပေးကြပါနော်....
ချစ်စရာလေး.. ချစ်စရာလေးဆိုပြီး ထပ်တလဲလဲလုပ်မိနေမှာစိုးလို့ပါ
အာလူးလေးလည်း တခါတခါ. အပြင်က ကျီးကန်းတွေနဲ့ မှန်ထဲကနေ. ကျီးကန်းလေးက အပြင်ကနေ တတောက်တောက်ခေါက်ပြီးကစားကြပါတယ်.. ကျီးကန်းလေးပျံသွားရင် သူ့မှာ ဘောင်ပေါ်ကနေ အပြေးသွားကြည့် အော်ခေါ် ကျီးကန်းလေးကပြန်လာဆော့.... ကျီးကန်းလေးပျံသွားရင် ငေးကြည့်နေတယ့်မျက်လုံးလေးကြည့်ရတာတောင် သနားစရာလေးပါ..
ကြက်တူရွေးလေးတွေဘ၀က ပုံထဲကလိုဖြစ်နေလို့ သနားကြင်နာ.. ကိုယ်ချင်းစာပြီး ချစ်ပေးကြပါနော်..