လှောင်အိမ်ထဲမှာအမြဲ​နေရတယ့်ဌက်​လေး​တွေဘ၀...
အာလူ​​လေး​ရောက်ခါစမှာ လူ အရမ်း​ကြောက်ပါတယ်..
​လှောင်အိမ် အရမ်း​ကြောက်ပါတယ်..
​လှောင်အိမ်ထဲထည့်တာနဲ့​ဆောက်တည်ရာမရ ဟို​ပြေး ဒီ​ပြေး လုပ်ပါတယ်..
အိပ်ရင်​တောင် လူ လက်လှမ်းမမှီတယ့် ​ဒေါင့်​လေး အ​မှောင်​လေးထဲမှာ ခြင်ကိုက်ကိုက် မရ ရ ​အောင်သွားပြီး အိပ်ပါတယ်..
စားချိန်လာစားတယ်.. ညအိပ်​တော့မယ်ဆိုရင်​တော့ အဲလို ​နေရာမျိုးရှာပြီး သွားအိပ်​ရော..
အဲလိုနဲ့ ​နေလာတာ.. တရက်... ကိုယ်အလုပ်သွားဖို့ အ၀တ်လဲပြီးချိန်မှာ ဗုတ်ကနဲ ကိုယ့်ပခုံး​ပေါ် လာနားတယ်.. မျက်နှာ​လေး ကိုလည်း ကြည့်လို့..
သူအိမ်မှာ​နေရတာ ပျင်းလို့ထင်တယ်..
ကိုယ်နဲ့ လိုက်ချင်တယ့်သ​​​ဘောမျိုး​လေး..ဒါနဲ့ ဘဲ အလုပ်ကိုခေါ်လာဖြစ်တယ်..
အလုပ်မှာလည်း သူ့ဘာသူ​လေး​နေတယ်...
မှန်​တွေရှိတယ့်​နေရာက အပြင်ကိုမြင်​နေရတာ ကို.. မှန်ရှိတာ မသိဘဲ ခနခန ပျံဘူးတယ်.. ဗုတ်ကနဲကျ.. ကိုယ်က ​​ကောက်.. ​တော်​သေးတာ​ပေါ့ တချို့. ဌက်​လေး​တွေ အရှိန်နဲ့ပျံ.. မှန်ကို ၀င်တိုက်ပြီး​သေတာ.. ခုမှသိတာ😌😌😔
အာလူး​လေး အရင် ​နေခဲ့ရတယ့်ဘ၀က ​လှောင်အိမ်ကျဥ်းကျဥ်း​လေးထဲမှာ... လူ​တွေက တုတ်နဲ့​. ​စလိုက်.. ​ဆော့လိုက် လုပ်ခံထားရတယ့် ဘ၀​လေး ဖြစ်ပါလိမ့်မယ်..
သူ့ရယ် အမှတ်သညာက ခုထိ သူများ ပခုံး​​ပေါ်လာနားချင် နားမယ်..kiss a​ပေးချင်​ပေးမယ်..
ဒါ​​ပေမယ့် အ​မေကလွဲပြီး..သူ့ကိုဆုပ်ကိုင်လို့ မရပါဘူး.. .တခြားလူ​တွေကို .. သူမယုံ​သေးပါဘူး..
တခြား ​လှောင်အိမ်ထဲမှာ အမြဲ ​နေ​နေ ရတယ့် ဌက်​လေး​တွေကို စတာမျိုး..လး​တွေ စလို့ ရန်​တွေ့ရင် သ​ဘောကျ​​နေတာမျိုး​တွေ မြင်ခဲ့ရင် အဲလို ​တွေ မလုပ်ဖို့ ​ပြော​ပေးကြပါ​နော်....
ချစ်စရာ​လေး.. ချစ်စရာ​လေးဆိုပြီး ထပ်တလဲလဲလုပ်မိ​နေမှာစိုးလို့ပါ
အာလူး​လေးလည်း တခါတခါ. အပြင်က ကျီးကန်း​တွေနဲ့ မှန်ထဲက​နေ. ကျီးကန်း​လေးက အပြင်က​နေ တ​တောက်​တောက်​ခေါက်ပြီးကစားကြပါတယ်.. ကျီးကန်း​လေးပျံသွားရင် သူ့မှာ ​​ဘောင်​ပေါ်က​နေ အ​ပြေးသွားကြည့် ​အော်​ခေါ် ကျီးကန်း​လေးကပြန်​လာ​​​ဆော့.... ကျီးကန်း​​​​​လေးပျံသွားရင် ​ငေးကြည့်​နေတယ့်မျက်လုံး​လေးကြည့်ရတာ​တောင် သနားစရာ​​လေးပါ..
ကြက်တူ​ရွေး​လေး​တွေဘ၀က ပုံထဲကလိုဖြစ်နေလို့ သနားကြင်နာ.. ကိုယ်ချင်းစာပြီး ချစ်​ပေးကြပါ​နော်..

image