စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းအ​ယောင်ကာ ဖုန်းဆက်ငွေတောင်းရင် သက်ဆိုင်ရာကို အ​ကြောင်းကြားနိုင်

စက်တင်ဘာ ၁၆

စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး မန္တလေးမြို့ပေါ်ကရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကလိုလို ပုံမှားရိုက်ပြီး မိဘတွေဆီကို ဖုန်းနံပါတ်တခုက ဖုန်းဆက်ပြီး ငွေကြေးတောင်းခံမှုတွေရှိနေတဲ့ကိစ္စ နစ်နာသူ ကာယကံရှင်တွေပေးပို့အ​ကြောင်းကြားတဲ့သတင်း ​ဖော်ပြပြီးဖြစ်ပါတယ်။

အဲဒီ​နောက် မန္တ​လေးတိုင်း​အစိုးရအဖွဲ့ကလည်း အထူးစုံစမ်း​ရေးအဖွဲ့ ဖွဲ့ပြီး ​ငွေလိမ်သူ​ပေါ်​ပေါက်​အောင် နည်းလမ်း​ပေါင်းစုံနဲ့ စုံစမ်း​ဖော်ထုတ်​နေတယ်လို့ နီးစပ်သူ​တွေဆီက သိရပါတယ်။

လုံခြုံ​ရေးနဲ့ အုပ်ချုပ်​ရေး တာဝန်ရှိသူတ​ယောက်က " သဲလွန်စရတာနဲ့ တရားခံ​ဖော်ထုတ်နိုင်ဖို့ လုပ်​နေပါတယ်။ အဲလို အ​ကြောင်းအမျိုးမျိုးပြ ဖုန်းဆက်​ငွေ​တောင်းရင် နီးစပ်ရာတာဝန်ရှိသူနဲ့ ပူး​ပေါင်း​ဖော်ထုတ်သင့်ပါတယ်" လို့ ဆိုပါတယ်။

ဒီလိုစစ်မှုထမ်းကိစ္စရပ်နဲ့ ပတ်သက်လို့ မသိနားမလည်သူတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာလည်း အောက်ခြေမှာ အများအပြားဖြစ်ပေါ်နေတယ်လို့လည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။

ယခုလို စစ်မှုထမ်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ အောက်ခြေမှာ ငွေကြေးလိမ်လည် တောင်းခံတာ လာဘ်ပေးလာဘ်ယူပြုလုပ်တာတွေရှိလာပါက ပြည်သူ့စစ်မှု့ထမ်း(ဗဟို) ထံသို့ဆက်သွယ်တင်ပြတိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်​တွေအပေါ် စုံစမ်းမေးမြန်းချင်တာ သတင်းပို့တာ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာမှာ​တော့

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့တိုင်ကြားရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး (နေပြည်တော်)

(၁) ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅၀၁

(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ)
(၁) ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၀၂

(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကချင်ပြည်နယ်)
(၁) ၀၉-၃၄၉၀၃၅၅၃၄၊ ၀၉-၃၄၉၀၃၈၃၇၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS) ပေးပို့ရန် ၀၉-၃၄၉၀၃၈၃၇၆

(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကယားပြည်နယ်)
(၁) ၀၉-၃၄၉၀၁၅၈၄၇၊ ၀၉-၃၄၉၀၁၄၄၈၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၁၀၀၆၆၃၈

(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကရင်ပြည်နယ်)
(၁) ၀၅၈-၂၀၂၄၅၃၀၊ ၀၅၈-၂၀၂၃၅၃၁
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၆၉၁၁၁၁၉၁၀

(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ချင်းပြည်နယ်)
(၁) ၀၇၀-၂၀၂၂၃၆၈၊ ၀၇၀-၂၀၂၂၅၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၈၉၀၉၃၇၅၇၄

(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)
(၁) ၀၇၁-၂၀၃၂၀၉၁၊ ၀၇၁-၂၀၃၂၀၉၂
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၇

(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)
(၁) ၀၅၉-၂၀၂၄၀၃၇၊ ၀၅၉-၂၀၂၄၀၃၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၈

(ဈ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)
(၁) ၀၅၂-၂၂၀၁၉၃၉၊ ၀၅၂-၂၂၀၁၉၄၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅ဝ၉

(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)
(၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃-၂၀၂၈၈၇၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁ဝ

(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)
(၁) ၀၂-၄၀၂၁၂၄၅၊ ၀၂-၄၀၂၁၂၄၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၁

(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)
(၁) ၀၅၇-၂၀၂၇၉၃၅၊ ၀၅၇-၂၀၂၇၉၃၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၂

(ဍ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)
(၁) ၀၉-၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၃

(ဎ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)
(၁) ၀၁-၈၃၀၀၀၁၆၊ ၀၁-၈၃၀၀၀၁၇
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၄

(ဏ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)
(၁) ၀၈၁-၂၁၂၄၅၄၀၊ ု-၂၁၂၄၉၉၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၅

(တ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)
(၁) ၀၄၂-၂၀၂၅၉၉၃၊ ၀၄၂-၂၀၂၅၉၉၄
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၆

၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်း၊ မသမာမှုများနှင့်ပတ်သက်၍ တိုင်ကြားခြင်းများအား တိကျစွာ ဆက်သွယ်သတင်းပို့နိုင်ပါကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

(ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့) လို့​ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းဟာ အပတ်စဉ်(၁၈)အထိ ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image