စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး အုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းအယောင်ကာ ဖုန်းဆက်ငွေတောင်းရင် သက်ဆိုင်ရာကို အကြောင်းကြားနိုင်
စက်တင်ဘာ ၁၆
စစ်မှုထမ်းစာရင်းပါတယ်ဆိုပြီး မန္တလေးမြို့ပေါ်ကရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကလိုလို ပုံမှားရိုက်ပြီး မိဘတွေဆီကို ဖုန်းနံပါတ်တခုက ဖုန်းဆက်ပြီး ငွေကြေးတောင်းခံမှုတွေရှိနေတဲ့ကိစ္စ နစ်နာသူ ကာယကံရှင်တွေပေးပို့အကြောင်းကြားတဲ့သတင်း ဖော်ပြပြီးဖြစ်ပါတယ်။
အဲဒီနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ကလည်း အထူးစုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး ငွေလိမ်သူပေါ်ပေါက်အောင် နည်းလမ်းပေါင်းစုံနဲ့ စုံစမ်းဖော်ထုတ်နေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
လုံခြုံရေးနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က " သဲလွန်စရတာနဲ့ တရားခံဖော်ထုတ်နိုင်ဖို့ လုပ်နေပါတယ်။ အဲလို အကြောင်းအမျိုးမျိုးပြ ဖုန်းဆက်ငွေတောင်းရင် နီးစပ်ရာတာဝန်ရှိသူနဲ့ ပူးပေါင်းဖော်ထုတ်သင့်ပါတယ်" လို့ ဆိုပါတယ်။
ဒီလိုစစ်မှုထမ်းကိစ္စရပ်နဲ့ ပတ်သက်လို့ မသိနားမလည်သူတွေဆီကနေ ငွေကြေးလိမ်လည်တောင်းခံတာတွေဟာလည်း အောက်ခြေမှာ အများအပြားဖြစ်ပေါ်နေတယ်လို့လည်း ရန်ကုန်မြို့နဲ့ မန္တလေးမြို့မှာ နေထိုင်သူအချို့က ပြောပါတယ်။
ယခုလို စစ်မှုထမ်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ အောက်ခြေမှာ ငွေကြေးလိမ်လည် တောင်းခံတာ လာဘ်ပေးလာဘ်ယူပြုလုပ်တာတွေရှိလာပါက ပြည်သူ့စစ်မှု့ထမ်း(ဗဟို) ထံသို့ဆက်သွယ်တင်ပြတိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်တွေအပေါ် စုံစမ်းမေးမြန်းချင်တာ သတင်းပို့တာ ပြုလုပ်နိုင်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာမှာတော့
၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့တိုင်ကြားရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-
(က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌရုံး (နေပြည်တော်)
(၁) ၀၆၇-၃၄၀၄၉၁၁၊ ၀၆၇-၃၄၀၄၉၂၂၊ ၀၆၇-၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅၀၁
(ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (နေပြည်တော်ကောင်စီ)
(၁) ၀၆၇-၄၅၅၀၄၈၈၊ ၀၆၇-၄၅၅၀၄၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၀၂
(ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကချင်ပြည်နယ်)
(၁) ၀၉-၃၄၉၀၃၅၅၃၄၊ ၀၉-၃၄၉၀၃၈၃၇၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS) ပေးပို့ရန် ၀၉-၃၄၉၀၃၈၃၇၆
(ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကယားပြည်နယ်)
(၁) ၀၉-၃၄၉၀၁၅၈၄၇၊ ၀၉-၃၄၉၀၁၄၄၈၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၁၀၀၆၆၃၈
(င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ကရင်ပြည်နယ်)
(၁) ၀၅၈-၂၀၂၄၅၃၀၊ ၀၅၈-၂၀၂၃၅၃၁
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၆၉၁၁၁၁၉၁၀
(စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ချင်းပြည်နယ်)
(၁) ၀၇၀-၂၀၂၂၃၆၈၊ ၀၇၀-၂၀၂၂၅၉၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၈၉၀၉၃၇၅၇၄
(ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး)
(၁) ၀၇၁-၂၀၃၂၀၉၁၊ ၀၇၁-၂၀၃၂၀၉၂
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၇
(ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)
(၁) ၀၅၉-၂၀၂၄၀၃၇၊ ၀၅၉-၂၀၂၄၀၃၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅ဝ၈
(ဈ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး)
(၁) ၀၅၂-၂၂၀၁၉၃၉၊ ၀၅၂-၂၂၀၁၉၄၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀ဝ၂၅ဝ၉
(ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)
(၁) ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃-၂၀၂၈၈၇၉
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁ဝ
(ဋ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)
(၁) ၀၂-၄၀၂၁၂၄၅၊ ၀၂-၄၀၂၁၂၄၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၁
(ဌ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်)
(၁) ၀၅၇-၂၀၂၇၉၃၅၊ ၀၅၇-၂၀၂၇၉၃၆
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၂
(ဍ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်)
(၁) ၀၉-၂၅၅၀၀၂၅၁၇၊ ၀၉- ၂၅၅၀၀၂၅၁၈
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၃
(ဎ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)
(၁) ၀၁-၈၃၀၀၀၁၆၊ ၀၁-၈၃၀၀၀၁၇
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၄
(ဏ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်)
(၁) ၀၈၁-၂၁၂၄၅၄၀၊ ု-၂၁၂၄၉၉၅
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅ဝဝ၂၅၁၅
(တ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး)
(၁) ၀၄၂-၂၀၂၅၉၉၃၊ ၀၄၂-၂၀၂၅၉၉၄
(၂) မိုဘိုင်းဖုန်းမှစာတို(SMS)ပေးပို့ရန် ၀၉-၂၅၅၀၀၂၅၁၆
၂။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းခြင်း၊ မသမာမှုများနှင့်ပတ်သက်၍ တိုင်ကြားခြင်းများအား တိကျစွာ ဆက်သွယ်သတင်းပို့နိုင်ပါကြောင်းနှင့် မမှန်မကန်သတင်းပို့ခြင်း၊ တိုင်ကြားခြင်းများပြုလုပ်ပါက ဖော်ထုတ်၍ တည်ဆဲဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
(ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့) လို့ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ ပြည်သူ့စစ်မှုထမ်းဟာ အပတ်စဉ်(၁၈)အထိ ရောက်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
Credit - Voice of Myanmar News Agency
#သတင်းဟင်းလေးအိုးကြီး