AIနဲ့ဓာတ်ပုံထုတ်လိုအကောင်းဆုံး AI Toolများ
AI နည်းပညာဟာတစ်နှစ်ထက်တစ်နှစ်တိုးတက်လာတဲ့နှင့် ပိုမိုကောင်းမွန်သော Ai toolများလဲ အမြဲပေါ်ထွက်နေပါတယ်။ဒီဆောင်းပါးမှာတော့ AI ကိုအသုံးပြုပြီး ဓာတ်ပုံထုတ်လုပ်လိုရတဲ့ ထိပ်တန်း AI Tool တချို့ဖြစ်တဲ့ text to image Ai tool 5ခုကိုဖြစ်သော google imageFX, Leonardo, Picluman, Dreamina , နဲ့ Bing Image Creator တို့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
1. Google ImageFX
ImageFX ဟာ AI ကိုအသုံးပြုပြီး စိတ်ကူးယဉ်ဆန်တဲ့ဓာတ်ပုံတွေကို ဖန်တီးပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။အခုတလောမှထွက်ထားတဲ့ Toolတစ်ခုဖြစ်ပြီး တော်တော်လေးလဲကြမ်းပါတယ်။ဒီtool ကို အသုံးပြုပြီး သင့်ရဲ့စိတ်ကူးကို စာသားအဖြစ်ရိုက်ထည့်လိုက်ရုံနဲ့ ထူးခြားတဲ့ပုံတွေကို ဖန်တီးနိုင်ပါတယ်။ImageFX ဟာ အနုပညာဆန်တဲ့ပုံတွေ၊ စိတ်ကူးယဉ်ဆန်တဲ့ပုံတွေကို ဖန်တီးရာမှာ အထူးထင်ရှားပါတယ်။
2. Leonardo
Leonardo ဟာ AI ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို ဖန်တီးခြင်း၊ တည်းဖြတ်ခြင်းနဲ့ ပြုပြင်ခြင်းတွေကို လုပ်ဆောင်ပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool ကိုအများကြီးပြောစရာလိုမယ်မထင်ပါဘူး။လူတိုင်းနီးပါသုံးတဲ့ image toolတစ်ခုပါ။တစ်နေ့ ကို coin 150ရသော free toolတစ်ခုလဲဖြစ်ပါတယ်။
3. Picluman
Picluman ဟာ AI ကိုအသုံးပြုပြီး ဓာတ်ပုံတွေကို ဖန်တီးခြင်းနဲ့ တည်းဖြတ်ခြင်းတွေကို လုပ်ဆောင်ပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool ဟာ လွယ်ကူသောအသုံးပြုမှု interface နဲ့ ထိရောက်တဲ့ပုံဖန်တီးမှုစွမ်းရည်တွေကြောင့် လူကြိုက်များပါတယ်။
4. Dreamina
Dreamina ဟာ AI ကိုအသုံးပြုပြီး စိတ်ကူးယဉ်ဆန်တဲ့ပုံတွေကို ဖန်တီးပေးတဲ့ Tool တစ်ခုဖြစ်ပါတယ်။ ဒီ Tool ကို အသုံးပြုပြီး သင့်ရဲ့စိတ်ကူးကို စာသားအဖြစ်ရိုက်ထည့်လိုက်ရုံနဲ့ ထူးခြားတဲ့ပုံတွေကို ဖန်တီးနိုင်ပါတယ်။ Dreamina ဟာ အနုပညာဆန်တဲ့ပုံတွေ၊ စိတ်ကူးယဉ်ဆန်တဲ့ပုံတွေကို ဖန်တီးရာမှာ အထူးထင်ရှားပါတယ်။
5. Bing Image Creator (Microsoft)
Bing Image Creator ဟာ Microsoft ရဲ့ AI ဓာတ်ပုံဖန်တီးရေးကိရိယာတစ်ခုဖြစ်ပါတယ်။ ဒီ Tool ကို အသုံးပြုပြီး စာသားမှတစ်ဆင့် ဓာတ်ပုံတွေကို ဖန်တီးနိုင်ပါတယ်။ Bing Image Creator ဟာ စိတ်ကူးယဉ်ဆန်တဲ့ပုံတွေ၊ အနုပညာဆန်တဲ့ပုံတွေကို ဖန်တီးရာမှာ အထူးထင်ရှားပါတယ်။