14 ပတ် - ဘာသာပြန်ပါ။

ဒီဘက်ခေတ်ထဲ လုံးဝ မစိမ်းတော့တဲ့ စကားလုံးတစ်လုံးကို ပြောပါဆိုရင်တော့ အားလုံးသိကြတဲ့ EQ ပါပဲ။
မေဘယ်(လ်) တို့တွေ ငယ်ငယ်တုန်းကတော့ IQ IQ ဆိုတဲ့ စာလုံးကိုပဲ အများစုက အကျွမ်းတဝင်ရှိခဲ့ကြပြီး ပြောလေ့၊ကြားလေ့ရှိကြတာက IQ မြင့်မှ လူရာဝင်တာ၊ IQ ကောင်းတဲ့သူကိုပဲ လူတွေက အလေးထား အမြင့်တင်ပြီး ပေါင်းချင်၊ ခင်ချင်၊ ပတ်သက်ချင်တာ အစရှိသဖြင့်ပေါ့လေ။ EQ ဆိုတဲ့ စာလုံးလေးနဲ့ အထိအတွေ့နည်းခဲ့ကြရုံတင်မကပဲ လူတွေ အပေါ် ဩဇာလွှမ်းမိုးနိုင်ပြီး အောင်မြင်ပျော်ရွှင်အေးချမ်းနေတဲ့ lifestyle ကိုပိုင်ဆိုင်ထားတဲ့သူတွေကို တွေ့ရမြင်ရတိုင်း သူ့ရဲ့ IQ က အမြင့်ကြီးနေမှာ၊ သူတော့ IQ သိပ်ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြဖူးတယ်မလား။
တကယ်တော့ ကိုယ်တွေ လုံးလုံးသတိမထားမိခဲ့တာက ဒီလို ပြည့်စုံတည်ငြိမ်တဲ့ ဘဝနေထိုင်မှုပုံစံတွေကို ပိုင်ဆိုင်ထားသူတွေရဲ့ အဓိက အောင်မြင်မှုသော့ချက်ဟာ IQ အပြင် EQ သိပ်ကောင်းကြလို့ ဆိုတာပါပဲ။
ဆိုတော့ ဒီလျှို့ဝှက်ချက်ကို လူတိုင်းနီးပါးရှာဖွေတွေ့ရှိပြီးနောက်ပိုင်း EQ ရဲ့ အနှစ်သာရတွေကို လေ့လာကြတယ်၊ ကိုယ့်မှာရှိနေပြီးသား EQ ကို ဘယ်လို ကောင်းမွန်အောင် မြှင့်တင်ကြမလဲဆိုပြီး ကြိုးစားကြတယ်။ စာအုပ်တွေကသော်လည်းကောင်း၊ podcast တွေက‌နေသော်လည်းကောင်း၊ အမျိုးမျိုးသော သင်ယူလေ့လာနိုင်တဲ့ နေရာတွေဆီကနေ လေ့လာပြီး ကျင့်သုံးလာကြတာ တကယ်ကို စိတ်ချမ်းသာစရာပါပဲ။

image