14 w - Translate

ကော့သောင်းမြို့ ဆိပ်ကမ်းကို ပြန်လည်ပြုပြင်နေ
ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် အရေးပါလာသော ရေကြောင်းပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ကော့သောင်းမြို့ရှိ ဆိပ်ကမ်းကိုပြန်လည်ပြုပြင်နေကြောင်း သိရှိရသည်။
"အရင်က ဆိပ်ခံတံတားက ငယ်တယ်၊ အခု အကြီးစားပြင်ဖို့လုပ်နေတယ်၊ ကရိန်းတွေလည်းပါမယ်၊ ကုန်ပစ္စည်းသင်္ဘောတွေ ပိုပြီးလက်ခံနိုင်အောင် စီစဉ်နေပါတယ်" ဟု အကြောင်းအရာကို သိရှိသူတစ်ဦးက ပြောကြားသည်။
လက်ရှိ၌ ထိုင်း-မြန်မာ ရေလမ်းကြောင်း ကုန်သွယ်မှုအတွက် ရနောင်း-ကော့သောင်း-ရန်ကုန် ရေလမ်းကြောင်းမှ တဆင့် သွင်းကုန်လိုင်စင်များကို ဦးစားပေးခွင့်ပြုပေးနေခြင်းလည်း ဖြစ်သည်။
ရနောင်း - ကော့သောင်း ရေကြောင်းမှ ကုန်သွယ်မှုပြုလုပ်ခြင်းနှင့် ပြည်ပမှကုန်ပစ္စည်း တင်သွင်းလိုပါက ပြည်ပပို့ကုန်ရငွေရှိကြောင်း အထောက်အထားပြသနိုင်သူများကိုလည်း သွင်းကုန်လိုင်စင်ချပေးနေကြောင်း သိရသည်။
"အဲဒီတော့ တံတားဘက်မှာပိတ်နေတဲ့ ကုန်သည်တွေ ဒီရနောင်းဆိပ်ကမ်းက ပို့ရင်ပို့၊ ဒါမှမဟုတ် တာချီလိတ်ဘက်က ပို့ဆိုပြီး မြန်မာဘက် အကြံပြုထားတာလည်းရှိနေတယ်"ဟု ကုန်သည်လုပ်ငန်းရှင်တစ်ဦးကလည်း ပေါ်ပြူလာနယူးစ်ကို ပြောသည်။
လက်တလော၌ ထိုင်း-မြန်မာ ကုန်သွယ်ရေး၌ အရေးပါသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂)ကို ဩဂုတ်လ (၁၈)ရက်၊ နံနက်ပိုင်းကစ၍ မြန်မာဘက်ခြမ်းက ယာယီပိတ်ထားပြီး ချစ်ကြည်ရေး တံတားအမှတ် (၁)၌ ပုံမှန်အတိုင်း ဖွင့်ထားသည့်အတွက် နှစ်နိုင်ငံသွားလာမှုများရှိနေဆဲ ဖြစ်သည်။

image