ကိုယ်နံ့ဆိုး၊ ပါးစပ်နံ့ဆိုးတွေအတွက် ကွမ်းရွက်တစ်ရွက်တည်းနဲ့ ဖြေရှင်းနိုင်တယ်! ချွေးနံ့ဘယ်လောက်ပြင်းပြင်း၊ စေးကပ်ကပ်နဲ့ ရွှဲရွှဲစိုနေပါစေ ထိရောက်တယ်။
🛁 ချွေးနံ့ပျောက်နည်း
ရေချိုးပြီးတာနဲ့ ကွမ်းရွက်တစ်ရွက်ကို ချေပြီး အရည်လေး နည်းနည်းထွက်လာအောင် လုပ်ပါ။ ပြီးရင် လက်မောင်းအောက် ချိုင်းကြားကို သေချာလိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီး ရေနဲ့ သေချာဆေးချပါ။
ဒီလို မနက်၊ ည ၃ ရက်လောက် ပုံမှန်လုပ်ပေးရင် ကိုယ်နံ့ဆိုးတွေ ပျောက်သွားပြီး deodorant လိမ်းစရာ မလိုတော့ပါဘူး။
👄 ပါးစပ်နံ့ပျောက်နည်း
ပါးစပ်နံ့ဆိုးလို့ သူများတွေ ရှောင်နေပြီဆိုရင် ကွမ်းရွက်ကို ဝါးစားပါ။ ထမင်းစားပြီးတိုင်း ကွမ်းရွက်တစ်ရွက်ကို ခဏဝါးပြီး ထွေးထုတ်လိုက်ပါ။
ဒါဆို ပါးစပ်နံ့ဆိုးတွေ ပျောက်သွားပြီး အနံ့သင်းလာမယ်။ သွားတွေခိုင်မြဲလာမယ်၊ သွားဖုံးတွေ ကျန်းမာလာမယ်။
တစ်ရွက်တည်းဝါးရုံနဲ့ ညနေအထိ အနံ့ကောင်းနေမယ်။ ကျွန်တော်ကတော့ ဒီနည်းလမ်းကို အရမ်းကြိုက်တယ်၊ ပုံမှန်လည်း လုပ်တယ်။