မြဝတီမြို့တွင် ဂတ်စ်အိုးပေါက်ကွဲရာက မီးလောင်မှုဖြစ်ပွား
ကရင်ပြည်နယ် မြဝတီမြို့ ရွှေမြင်းဝန် ဘုရားကြီးတောင်ဘက် မုခ်ဦးအနီး ရန်ကုန်ဆန်ပြုတ်ဆိုင်မှာ ဂတ်စ်အိုးပေါက်ကွဲရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၅ ရက် ဒီကနေ့မနက် ၈ နာရီကျော်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး မြဝတီမီးသတ်တပ်ဖွဲ့က ကား ၅ စီးနဲ့ အချိန်မီ သွားရောက်ငြှိမ်းသတ်ပေးနိုင်ခဲ့လို့ ၁၅ မိနစ်အကြာမှာပဲ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။