6 w - Translate

လွယ်ကူရိုးရှင်းတဲ့ "အပင်အားဆေးရည်ပြုလုပ်နည်း"🌲🌿
- ဒီနည်းလမ်းလေးက လွယ်ကူရိုးရှင်းပြီး အလှစိုက်ပန်းပင်တွေနဲ့ သီးပင်စားပင်တွေမှာ အသုံးပြုလို့ရပါတယ်။
👉 "ပါဝင်ပစ္စည်းများ" 👈
၁။ ဆန်ဆေးရည် - တစ်လီတာ
၂။ အချိုမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း)
၃။ ကွကျဥ - ၃ လုံး
👉 "ပြုလုပ်နည်း အဆင့်ဆင့်" 👈
- ကြက်ဥ (၃)လုံးကိုဖောက်ပြီး ပန်းကန်တစ်ခုထဲမှာ ဟင်းချိုမှုန့် (၂)ဇွန်းနဲ့ သမသွားအောင် ရောစပ်ပေးပါ။
- ရောစပ်ထားတဲ့ ကြက်ဥရည်တွေကို ဆန်ဆေးရည်ထည့်ထားတဲ့ တစ်လီတာဘူးထဲ ထည့်ပေးပါ။
- ပြီးရင်တော့ အရည်အားလုံး သမသွားအောင် လှုပ်ခါပေးထားလိုက်ပါ။ ရလာတဲ့အရည်တွေကို စိုက်ပျိုးထားတဲ့အပင်တွေမှာ အသုံးပြုလို့ရပါပြီ။
👉 "အသုံးပြုနည်း" 👈
- ကြက်ဥအားဆေးရည် တစ်လီတာကို (၄)ဂါလံ ဆေးဖြန်းပုံးတစ်ပုံးမှာ ရေနဲ့ရောစပ်ပြီး အသုံးပြုလို့ရပါပြီ။
- အပင်ရင်းတွေမှာ လောင်းပေးမယ်ဆိုရင်တော့ မြေဆီလွှာတွေကို ကောင်းမွန်စေပြီး အဏုဇီဝပိုးမွှားတွေကို ပွားများစေပါတယ်။
- အပင်ကို ပက်ဖြန်းပေးမယ်ဆိုရင်တော့ အရွက်တွေကို ကြီးထွားစိမ်းစိုစေပြီး အစာချက်လုပ်မှုကို ပိုမိုကောင်းမွန်စေပါတယ်။
#greenworld
#စိုက်ပျိုးရေး
#တောင်သူ
#အပင်စိုက်နည်း

image