1 w - Translate

♦ လောကမှာ...
လူတိုင်း တုံပြန်တတ်ကြတယ် ။
ဒါပေမဲ့ ပညာရှိလို တုံ့ပြန်တာနဲ့
အောက်တန်းကျကျ တုံ့ပြန်တတ်တာ
ကွာသွားတယ် ။

♦ လူတိုင်း အတင်းပြောတတ်တယ် ။
လူ့သဘာဝအရ တခြားသူကို
ဒါပေမဲ့ အပေါ်ယံ ဝေဖန်မိတာနဲ့
အောက်တန်းကျကျ privacy ထိပါးတာ ကွာသွားတယ် ။

♦ လူတိုင်းမှာ ပါးစပ်ပါတယ် ။
ပြောသင့်မပြောသင့် ချင့်ချိန်ပြီး
မြိုချသင့်ချိန် မြိုချထားတဲ့သူနဲ့
စကားဖြစ်ပြီးရော ပြောသူဆိုပြီး ကွာသွားတယ် ။

♦ လူတိုင်းမှာ အားနည်းချက်ရှိတယ် ။
သူများအားနည်းချက်ကို မထိပါးတဲ့သူနဲ့
သူများအားနည်းချက်ကို နင်းတဲ့သူ ကွာသွားတယ် ။

♦ လူတိုင်းမှာ သူ့အကြောင်းနဲ့သူ ရှိတယ် ။
သူများကိစ္စ စိတ်မဝင်စားတဲ့သူနဲ့
အလုပ်မရှိအကိုင်မရှိ သူများနောက်ကြောင်း
လိုက်လှန်နေတဲ့သူ ကွာသွားတယ် ။

♦ ဒီလိုပါပဲ လူတိုင်း တူညီစွာ တန့်ပြန်တတ်ပေမယ့်
ကိုယ်ချင်းစာစိတ် ရှိသူ နဲ့ မရှိသူရဲ့
တုန့်ပြန်မှုတွေကတော့ ကွာခြားသွားတတ်တယ် ။

♦ နာကျင်အောင်မပြောတတ်တာ မဟုတ်ဘဲ
ကိုယ့်ကြောင့် တစ်ဖက်သား
နာကျင်သွားမှာစိုးတဲ့ စိတ်ကြောင့်
ရပ်တန့်လိုက်ရတဲ့ အခြေအနေတွေ ရှိပါတယ် ။

စကားတစ်ခွန်းကြောင့် လူ့ရဲ့စိတ်ကို
အကြိမ်ကြိမ် သေစေတယ် ။

🌼💛
#??????

image