ဟင်းညံ့ ခေါ် ဟင်းကြာဖူး
ဟင်းညံ့၊ဟင်းညံ့ဆိုတာကြားဖူးနေတာ ခုမှမြင်ဖူးတယ်
နူးညံ့တဲ့အဖူးအပွင့်လေးတွေကိုချိုးပြီး ချက်စားရတဲ့ ဟင်းပါ။ ဒေသအခေါ်တော့ ဟင်းညံ့ လို့ခေါ်တယ်။ ကိုယ်တွေရွာအရှေ့ဘက်က ကန်ထဲမှာ ပေါက်တဲ့အပင်ပါ။ အရမ်းကိုနူးညံ့လွန်းတဲ့ ဒီ ဟင်းအမယ်ကို ငယ်ကတည်းက စားခဲ့ရတယ်။
ဟင်းကြာဖူးလို့လည်းခေါ်သလို ဟင်းညံ့လို့လည်းခေါ်ကြတယ် နေရာဒေသတစ်ခုနဲ့တစ်ခု မတူကြဘူးပေါ့နော်
ဟင်းညံ့သာခေါ်တာ အရသာက မညံ့ဘူးနော် အရမ်းစားမြိန်တဲ့ဟင်းတစ်ခွက်ပေါ့
ရေရှိတဲ့နေရာတွေမှာပေါက်ရောက်ပြီး ကြာရိုးကြာစွယ်မျိုးနွယ်ဝင်ပါ အပွင့်ကလည်းအဖြူပွင့်ဖတ်မှာအလယ်ကအဝါလေးပွင့်နေရင်လှနေရော
မန္တလေးမှာဆို မြို့အရှေ့စွန်ထဲမှာပေါတာတွေ့ရတယ်
မိုးရာသီဆို တအားပေါ
သူ့အကြောင်းလေးသိပြီဆိုတော့ ချက်နည်းလေးပြောပြပေးမယ်နော် 👇
💜ပထမဦးဆုံး ဟင်းကြာဖူးကို ရိုးတံနဲ့ အဖူးသီးသန့်ခွဲပါ့မယ်
💜အရိုးကိုအောက်ဆုံးရင့်တဲ့နေရာတော့မသုံးပါဘူး
လိုသလောက်အပိုင်းလေးတွေဖြတ်ပြီးနွှာထားပါ
💜အဖူးကိုလည်း ခွာ အထဲကအဆံကိုပဲယူပါတယ် ပွင့်ဖတ်အုံကိုမသုံးပါဘူးနော်
💜တချို့အဖူးကနုရင်ထည့်လို့ရပြီးရင့်ရင်အထဲကဝတ်ဆံအစိလေးတွေပါပါတယ် အဲ့တာကိုအစိလေးတွေပြောင်အောင်ဖယ်ဆေးရပါတယ် ဝတ်ဆံဖတ်တွေကစားမကောင်းပါဘူးနော် 🔴
ချက်နည်း
#ဟင်းကြာဖူးကြော်
💜ဆီအနည်းငယ် ၊ကြက်သွန်နီ ဆီမွှေးသတ်ပြီး ဟင်းကြာဖူးကိုထည့်ကြော်ပေးပါ၊ ကြက်သွန်ဖြူထောင်းထည့်၊ ငရုတ်သီးကြမ်းမှုန့်အနည်းငယ်ထည့်ပါ ၊ဆားအရသာမှုန့်ထည့်ပါ ၊အထက်အောက်လှန်ပြီးရင် ချလို့ရပါပြီ
🔴ဟင်းကြာဖူးကအစပ်ထည့်မှအရသာပိုကောင်းတာပါနော်
#ဟင်းကြာဖူးချဥ်ရည်ဟင်း
💜ချဥ်ပေါင်ရွက် ၊ဟင်းကြာဖူး ၊ကြက်သွန်နီ၊ ငပိအနည်းငယ် ၊ခရမ်းချဥ်သီးတစ်လုံး၊ ဆား ၊နနွင်းတို့ကို သမအောင်မွှေပေးပြီး ရေအနည်းငယ်နဲ့ ထည့်တည်ပါ
လုံးရေပွက်ပြီဆို လိုသလောက်ရေထည့်ပါ၊ ရေဆူပြီဆိုတာနဲ့ ဆား၊ အရသာမှုန့်ထည့်ပါ
ကျက်လျှင်နံနံပင်ထည့်အုပ်ပြီး သုံးဆောင်လို့ရပါပြီ
#ဟင်းကြာဖူးငါးဆီပြန်
💜မိမိနှစ်သက်ရာ ငါး တစ်မျိုးမျိုး
ခရမ်းချဥ်သီး ၊ကြက်သွန်နီ ၊ငပိ ၊ဆနွင်း ၊အရောင်တင်မှုန့်ကိုဆီသတ် ခရမ်းချဥ်သီးလိပ်ပြီဆို ငါးထည့်ပါ ၊ရေအနည်းငယ်ထည့်ပါ ၊ဟင်းကြာဖူးထည့်ပါ ၊ဆားအရသာမှုန့်ထည့်ပါ ၊ကြက်သွန်ဖြူထောင်းထည့်ပါ၊ အစပ်ကြိုက်လျှင်ငရုတ်သီးစိမ်းထည့်ပါ ၊ဆီပြန်လာလျှင် ပင်စိမ်းရွက်ထည့်ပါ အိုးချပြီးသုံးဆောင်နိုင်ပါပြီ
မင်မင်ကချက်လို့ရတဲ့နည်းတွေပြောပြလိုက်တာနော်
ကြိုက်သလို ချက်စားနိုင်ပါတယ်
💜ဟင်းကြာဖူးရဲ့အရသာက သူ့ရဲ့သီးသန့်အရသာကမရှိဘူး အနံ့ကကြာပန်းအနံ့ ကြာရိုးအနံံ့ အရသာကအနီးစပ်ဆုံးပြောရရင် ကန်စွန်ရိုးလိုပဲ စားရတာ ကျွတ်တယ်၊ဇက်တောက်တောက်ပဲ ၊ဇရစ်နဲ့လည်းသွားတူတယ်
စားလို့အရမ်းကောင်းတယ် ၊ စားပြီးရင် ထပ်စားချင်တဲ့ဟင်းထဲပါတယ်လို့ကိုပြောရမဲ့ဟင်းလေးပါ😋
ကဲ ချက်စားကြည့်ကြပါအုန်းနော်
ထမင်းစားမြိန်ကြပါစေ
********************************&
####ဟင်းညံ့ အကြောင်းသိဖို့ ရှာရသမျှတွေ ပြန်ကူးတင်ပေးလိုက်ပါတယ်။
Credit
#ဟင်းရမ့်ဖူးလှံ - ဟင်းရမ့်ဖူးနှင့် သဏ္ဍာန်တူသော အသွားတပ်လှံ
စုဘုရားလတ် မိဖုရားကြီး ရဲ့ အကြိုက် ဟင်းတခွက် လို့ပြောစမှတ်ပြုကြတဲ့
မန္တလေး လယ်တောစာ ဟင်းညံ့
မန္တလေးဘက် ကတော့ ဟင်းညံ (or)ဟင်းရာဖူး လို့ ခေါ်ကြပါတယ်။ မန္တလေးပတ်လည်မှာ စပါးပင်တွေ စိမ်းစိုနေတဲ့ လယ်တော ချောင်းမြောင်း ရေအိုင်တွေမှာ အလေ့ကျ ပေါက်တဲ့အပင်ပါ။
ချက်ချင်ရင် ဝယ်စရာ မလို။ ချောင်းရိုးရေစပ်မှာ ချိုးခူးရုံသာ။ ကင်းမွန်းချဉ် ၊မန်ကျည်းရွက်၊ချဉ်ပေါင်ရွက်လေးနဲ့ ချက်မလား မန်ကျည်းမှည့်၊ မရမ်းပြား လေးနဲ့ အချဉ်ဟင်းချက်မလား သူကိုယ်တိုင် မချဉ်ပေမယ့် အချဉ်နဲ့ ပေါင်းဖက်လိုက်ရင် ခံတွင်းလိုက်တဲ့ ချဉ်ရည်တစ်ခွက်တော့ ဖြစ်သွားတာပဲ။ ချဉ်ရည် မချက်ချင်လည်း ငပိရည်ဖျော်လေးနဲ့ ဟင်းညံ့လေးနဲ့ တို့ကာ မြှုပ်ကာ စားလို့ရတဲ့ ဟင်းညံ့ (လယ်တောစာ)ဖြစ်ပါတယ်။
ဆရာသက်နိုင်ဦးနှင့် ဆရာသဏ်း(မြန်မာစာ)အား credit ပေးပါတယ်
**********
#ပုံသဏ္ဍန်
ပန်းခိုင်သည် ကြားထွက် ပန်းခိုင်ဖြစ်သည်။ အဖိုပင်တွင် ထီးပုံပန်းခိုင်သည် အစုလိုက် umbellate fascicles ဖြစ်သည့်ပုံ အဖိုပွင့်များ ရှိသော်လည်း အမပင်တွင်မူ ကြားထွက်ထီးထီးသာထွက်သည်။ ပွင့်ခံရွက်အုံက spatheceous ဖြစ်ပြီး ၊ spathe များသည် ပန်းပွင့်ပြီးနောက် ကြီးလာသည်။ ရေအတိမ်အနက်လိုက်ပြီး ပွင့်ကိုင်း peduncle က ရှည်လာတတ်သည်။ ပန်းများ က အဖြူရောင် လိင်မစုံ အချိုးညီ ၃ အင်္ဂါဆ အောက်တည်မပွင့်တွေဖြစ်သည်။ ပွင့်ဖတ် ပွင့်ချပ် ၃ ခုစီပါသည်။ ၀တ်ဆံဖို ၁၅ ခုတွင် ၁၂ ခုအောင်ပြီး ၃ ခုမြုံသည်။ spathe ထဲတွင် အစေ့အိမ် ၁၂ ကနေ ၁၅ အထိရှိသည်။ အခန်းတခန်းတွင် အစေ့လောင်းများစွာက the parietal placenta မှာတွယ်ကပ်နေသည်။ styles 12 to 15 အထိရှိသည်။ အသီးများက dehiscent, အက်ကွဲသီး capsular, အစေ့များစွာပါပြီး many-seeded,ရွက်အိမ်က ကာရံထားသည်။ ပန်းများကို June to Februaryအထိပွင့်ကြသည်။ ဟင်းညံ့ဖူးလေးတွေ ခူးရင် အောက်က ပွင့်ကိုင်းပါခူးရသည်၊ ဟင်းညံ့ဖူး ချဉ်ရည်က ခံတွင်းမြိန်လှသည်။
#credit all
#photos Credit
