🌳အိမ်တိုင်းတွင် စိုက်ပျိုးသင့်သော တမာပင်🌳

🌳တမာပင်ဟာ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများသာမက အလှအပ နှင့် ကျန်းမာရေးအတွက်ပါ အသုံး‌ဝင်သော အပင်ဖြစ်ပြီး သူ့ရဲ့ မူရင်းဒေသတွေကတော့ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ပဲဖြစ်ပါတယ်။
🌳တမာပင်များဟာ အပူပိုင်း နှင့် သမပိုင်းဒေသများတွင် ပေါက်ရောက်လေ့ ရှိပြီး နေရာဒေသအများစုမှာ စိုက်ပျိုးဖြစ်ထွန်းသော အပင်တစ်မျိုးဖြစ်ပါတယ်။
🌳တမာပင်ထွက်ပစ္စည်းများကို စိုက်ပျိုးရေးကဏ္ဍတွင် ပိုးသတ်ဆေးအနေနဲ့ သာမက အခြားလိုအပ်သော နေရာများတွင်ပါ အသုံးဝင်လှပါတယ်။
🌳ကျန်းမာရေးအတွက် သူ့ရဲ့အရွက်၊ အစေ့၊ အသီး နှင့် သစ်ခေါက်များကိုပါ ဆေးအဖြစ်အသုံးပြုကြလေ့ရှိပါတယ်။
သူ့မှာပါဝင်သော flavonoids, kemferol, quercetin နှင့် myricetin ဓာတ်များကြောင့်
1️⃣ ဝက်ခြံများထွက်ခြင်းကို သက်သာစေပြီး အသားအရည်ကို ကြည်လင်ချောမွေ့စေပါတယ်။ ထို့အပြင် အနာကျက်မြန်စေရန် ကူ‌ညီပေးပါတယ်။
2️⃣ ခံတွင်းကျန်းမာရေးကို ကောင်းစေတဲ့အပြင် အနံ့ဆိုးများ ထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
3️⃣ ဆံပင်ကျန်းမာရေးကို ကောင်းစေပြီး ဗောက်ထခြင်းများကို သက်သာစေပါတယ်။
4️⃣ အရေပြားမှိုစွဲခြင်းများ၊ အဖုထွက်ခြင်းများကနေလည်း ကာကွယ်ပေးပါတယ်။
5️⃣ သွေးထဲမှာရှိတဲ့ အဆိပ်အတောက်များကို ဖယ်ရှား‌ပေးတဲ့အပြင် ခုခံအားစနစ်ကို မြှင့်တင်ပေးသတာကြောင့် အိမ်တိုင်းတွင် မရှိမဖြစ်စိုက်ပျိုးသင့်သော အပင်တစ်မျိုးပဲဖြစ်ပါတယ်။

imageimage