1 ပတ် - ဘာသာပြန်ပါ။

ပုဇွန် သခွားသီး ရခိုင်သုပ်စပ်စပ်လေး သုပ်နည်း 😋
သခွားသီးသုပ် စပ်စပ်အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကိုစားကောင်းပါတယ်။
သခွားသီးကိုရေဆေး နှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီး ခြစ်ထားပါ။
နုနုလေးဆို အစေ့ထုပ်စရာတောင် မလိုပါဘူး။
ကြက်သွန်နီနှစ်လုံးလောက် ပါးပါလေးလှီးပြီး ရေဆေးထားပါ။
ပုဇွန်လှော်ပြီး အခွံခွာထားပါ။
ငပိ မီးဖုတ်ထားပါ။
ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် ငပိနဲ့ငရုပ်သီးစိမ်းလေးရောထောင်းပါ။
အရသာအတွက်လိုအပ်တဲ့ ဆား၊ အချိုမှုန့်၊ သို့မဟုတ် ကြက်သားမှုန့်ကို တစ်ခါတည်းထည့်ထောင်းပါတယ်။
လှော်ထားတဲ့ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တစ်ဝက်က အကောင်လိုက်ထည့်ပါမယ်။
ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊ ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီး ရောသုပ်ပါ။
အချဥ်ကြိုက်ရင် သံပုရာသီးလေးညစ်ထည့်ပါ။
နောက်ဆုံး အရသာလေးမြည်းကြည့်ပြီး ပင်စိမ်းလေးညှပ်ထည့်ပြီးရင် စားလို့ရပါပြီရှင့်....။

image