1 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး Floating Park
"Dusit Arun At Dusit Central Park" 🌳
11,200 စတုရန်းမီတာ (7 ရိုင် : ထိုင်းအတိုင်းအတာ) ကျယ်တဲ့ ဧရိယာပေါ်မှာ ဖွင့်လှစ်ထားတဲ့ ရေပေါ်ပန်းခြံ #floating park အမျိုးအစားဖြစ်ပါတယ်။ ပန်းခြံကတော့ Dusit Central Park အဆောက်အဦးရဲ့ ၄-၆ အလွှာမှာ တည်ထားတာ။ ဒါမဲ့ ရေပေါ်ပန်းခြံဆိုတဲ့ ခံစားမှုရအောင် ပန်းခြံထဲမှာ ရေတံခွန်အသေးလေးတွေနဲ့ မ ရေကန်လေးတွေ နေရာအနှံ့ထည့်ပေးထားတာပါ။
ပန်းခြံထဲမှာ လမ်းလျှောက်ပြီး ရှုခင်းတွေကြည့်လို့ရတယ်။ ပန်းခြံက တိုက်အမြင့်ပေါ်မှာဆိုတော့ မျက်နှာချင်းဆိုင်က Lumpini ပန်းခြံနဲ့ ဘန်ကောက်မြို့ ရှုခင်း နှစ်ခုစလုံးကို အရင်က မမြင်ဖူးတဲ့ ပုံစံနဲ့ အပေါ်စီးကနေ ကြည့်လို့ ရတယ်။​
Silom လမ်းဆုံ လုမ္ဗနီပန်းခြံအနီး မြို့မျှော်တိုက်တေထပ်နေတဲ့ ဘန်ကောက်မြို့ကြီးရဲ့ မြို့လယ်ခေါင်မှာ #စိမ်းလန်းတဲ့နေရာအသစ်တစ်ခုကို ဖန်တီးပြီး မြို့သူမြို့သားများ အသက်ရှူချောင်အောင် လုပ်ပေးထားတဲ့ ဘန်ကောက်ရဲ့ အဆုတ်လို့ လူအများက တင်စားကြပါတယ်။
ဖွင့်ချိန် :
မနက် ၆ ည ၁၀
လိုကေးရှင်း (gps) ကို ကွန်မန့်မှာ ယူပါ။
https://maps.app.goo.gl/ERjfSYxfk4Bg2Jny5?g_st=ipc
#photo #credit
#dusitcentralpark #สวนดุสิตอรุณณดุสิตเซ็นทรัลพาร์ค #dusitarunatdusitcentralpark

image