1 ပတ် - ဘာသာပြန်ပါ။

"ပလူတိုကို ဂြိုဟ်သိမ်အဖြစ် ဘာ​ကြောင့် ​ပြောင်းလဲ သတ်မှတ်ခဲ့တာလဲ"
နေအဖွဲ့အစည်းအတွင်းမှာ အရင်က ဂြိုဟ်ကိုးလုံး ရှိတယ်လို့ မှတ်ယူထားခဲ့ကြပါတယ်။ ဒါ​ပေမဲ့ ယခုလက်ရှိအချိန်မှာ​တော့ ​နေအဖွဲ့အစည်းအတွင်း ဂြိုဟ်ရှစ်လုံးသာ ရှိ​ကြောင်း လက်ခံအတည်ပြုထားပြီး ဖြစ်ပါတယ်။
ကိုးလုံး​မြောက် ဖြစ်ခဲ့တဲ့ ပလူတိုကို ဘာ​ကြောင့် 'ဂြိုဟ်' လို့ မ​ခေါ်ဆိုနိုင်တာလဲ၊ ပလူတိုနဲ့ ပတ်သက်ပြီး အာကာသသိပ္ပံနယ်ပယ်မှာ ပညာရှင်​တွေအကြား ဘယ်လို အငြင်းပွားမှု​တွေ ဖြစ်ပွားခဲ့သလဲ၊ ဘယ်လို ​ဖြေရှင်းခဲ့ကြသလဲ ဆိုတဲ့ သမိုင်း​တွေက စိတ်ဝင်စားစရာပါ။
အ​မေရိကန်ပြည်​ထောင်စု၊ အာရီဇိုးနားပြည်နယ်မှာ ရှိတဲ့ အာကာသ​လေ့လာ​ရေးစခန်း​လေးတစ်ခု အတွင်းမှာ နက္ခတ္တ​ဗေဒ ပညာရှင်တစ်​ယောက် အလုပ်ရှုပ်လို့ ​နေပါတယ်။ သူ့အမည်က ပါစီဗယ် လိုဝယ်(Percival Lowell) ပါ။ သူဟာ ဂြိုဟ်တွေကို သူတည်​ထောင်ထားတဲ့ Lowell Observatory စခန်းက​နေ ညတိုင်း၊ ညတိုင်း ​လေ့လာ​စောင့်ကြည့်​နေခဲ့ပါတယ်။
အချိန်ကာလ​တွေအကြာမှာ​တော့ ပုံသဏ္ဍာန်မမှန်တဲ့ လှုပ်ရှားမှု​တွေကို ​တွေ့ခဲ့ရပါတယ်။ ယူ​ရေးနပ်စ်နဲ့ နက်ပကျွန်းဂြိုဟ်တို့ကို အရာဝတ္ထု တစ်ခုခုက ဆွဲငင်ထားသလို ဂြိုဟ်ပတ်လမ်းယိုင်​နေတာကို သတိထားမိခဲ့ပါတယ်။ Lowell က နက်ပကျွန်းဂြိုဟ်ရဲ့ အလွန်မှာ ဂြိုဟ်တစ်ခု ရှိ​နေအုံးလိမ့်မယ်လို့ မှန်းဆခဲ့ပြီး ဒီအမည်မသိဂြိုဟ်ကို 'Planet X' လို့ အမည်​ပေးခဲ့ပါတယ်။
Lowell ဟာ သူကွယ်လွန်ချိန်၊ ၁၉၁၆ ခုနှစ်အထိ Planet X အတွက်ကို ရှာ​ဖွေမှု​တွေနဲ့ သင်္ချာဆိုင်ရာ တွက်ချက်မှု​တွေကို ပြုလုပ်သွားခဲ့ပါတယ်။ ဒါ​ပေမဲ့ Planet X ရှိ​ကြောင်းကို သက်​သေမပြနိုင်သွားခဲ့ပါဘူး။
၁၉၃၀ ခုနှစ်မှာ အာကာသသိပ္ပံပညာရှင် ခလိုက် တွန်မ်ဘာ့(Clyde Tombaugh) ဟာ ညဘက်​ကောင်းကင်ယံမှာ ကြယ်​တွေရဲ့ ​နောက်ကွယ်က​နေ အစက်အ​ပြောက်​လေး တစ်ခု ​ရွေ့လျား​နေတာကို ​တွေ့ခဲ့ပါတယ်။ ဒါဟာ ပလူတိုဂြိုဟ်ပါပဲ။ Clyde Tombaugh တစ်​ယောက် ကိုးလုံး​မြောက်ဂြိုဟ်ကို ရှာ​တွေ့သွားခဲ့ပါပြီ။ အဲ့ဒီအချိန်ကတည်းက စလို့ ​နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ကိုးလုံး ရှိ​ကြောင်းကို လက်ခံ အတည်ပြုလာခဲ့ကြပါတယ်။
၂၀၀၅ ခုနှစ်မှာ​တော့ အာကာသပညာရှင်​တွေဟာ ပလူတိုဂြိုဟ်ရဲ့ အလွန်မှာ ​နောက်ထပ်ဂြိုဟ်အသစ်တစ်လုံးကို ထပ်မံ​တွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒီဂြိုဟ်အသစ်ကို အဲရက်စ်(Eris) လို့ အမည်​ပေးခဲ့ကြပါတယ်။
ဒါ​ပေမဲ့ ပြဿနာက အဲရက်စ်ကို​​ရော ထည့်သွင်းစဉ်းစားလိုက်မယ်ဆိုရင် ​နေအဖွဲ့အစည်းအတွင်းမှာ စုစု​ပေါင်း ဂြိုဟ် ၁၀ လုံး ဖြစ်သွားမှာပါ။ အဲ့ဒီအထဲမှာမှ ပလူတိုနဲ့ အဲရက်စ်တို့ဟာ ကျန်တဲ့ ဂြိုဟ်ရှစ်လုံးထက်လည်း ​သေးငယ်ပြီး ဂြိုဟ်ဝိ​သေသလက္ခဏာ​တွေလည်း ဆင်တူ​နေကြပါတယ်။
ဒါ့အပြင် ​နောက်ထပ်အသစ်တွေ့ရှိသမျှ အရာဝတ္ထုတိုင်းကို ​နေအဖွဲ့အစည်းအတွင်း ထည့်သွင်းလိုက်ရင်လည်း ဂြိုဟ်အ​ရေအတွက်​တွေ များပြားလာမှာကို မလိုလားကြပြန်ပါဘူး။
ဒီလို အငြင်းပွားဖွယ်ရာ ကိစ္စ​တွေ​ပေါ်​ပေါက်လာတာ​ကြောင့် ပညာရှင်​တွေဟာ 'ဂြိုဟ်' ဆိုတာကို အဓိပ္ပါယ်သတ်မှတ်ဖို့အတွက် လိုအပ်လာကြပါတယ်။
ဒါ​ကြောင့် ၂၀၀၆ ခုနှစ်မှာ နိုင်ငံတကာ အာကာသသိပ္ပံပညာရှင်များ သမဂ္ဂ(International Astronomical Union- IAU) က ဦး​ဆောင်ပြီး အစည်းအ​ဝေးတစ််ခု ကျင်းပခဲ့ပါတယ်။ 'ဂြိုဟ်' ဆိုတာကို ကွဲကွဲပြားပြား သတ်မှတ်ဖို့ အတွက်ပါ။
IAU က သတ်မှတ်ခဲ့တဲ့ ဂြိုဟ်တစ်ခုရဲ့ လက္ခဏာ​တွေက​တော့ ...
(၁) ​နေကို လှည့်ပတ်​နေရမယ်၊
(၂) လုံးဝန်းတဲ့ သဏ္ဍာန်ရှိပြီး ကိုယ်ပိုင် ဆွဲငင်အား ရှိရမယ်၊
(၃) ပတ်လမ်းကြောင်းဟာ တစ်ခြား ဂြိုဟ်အရာဝတ္တုတွေနဲ့ ကင်းလွတ်ရမယ်
ပလူတိုဟာ နံပါတ် (၁) ၊ (၂) နဲ့ ကိုက်ညီ​မှု ရှိ​​ပေမဲ့ (၃) အချက်နဲ့​တော့ ကိုက်ညီမှု မရှိ​နေပါဘူး။
ပလူတိုဟာ အရွယ်အစား ​​သေးငယ်ပြီး ဆွဲငင်အားလည်း နည်းလွန်းပါတယ်။ ဒါ့အပြင်သူ ဟာ ကိုင်ပါ ခါးပတ်(Kuiper Belt) အတွင်းမှာ ရှိ​နေတာ​ကြောင့် ပတ်လမ်းအတွင်း​ ရောက်လာတဲ့ တစ်ခြား အရာဝတ္တုတွေနဲ့ သူ့ပတ်လမ်းကြောင်းဟာ မလွတ်မကင်းဖြစ်နေပါတယ်။
ဒါ​ကြောင့် IAU အစည်းအ​ဝေးမှာ ပလူတိုကို 'ဂြိုဟ်' အဖြစ်က​နေ 'ဂြိုဟ်သိမ်(Dwarf planet) အဖြစ် ​ပြောင်းလဲ သတ်မှတ်ခဲ့ကြပါတယ်။
ယခုလက်ရှိအချိန်အထိ ​နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်ရှစ်လုံးကိုသာ ရှိ​ကြောင်း လက်ခံအတည်ပြုထားပြီး ဖြစ်ပါတယ်။ ​နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ​တော့ ပြင်ပဂြိုဟ်(Exoplanet) များစွာကိုလည်း ရှာ​ဖွေ​တွေ့ရှိထားပြီး ဖြစ်ပါ​ကြောင်း။
အကိုး :

image
image
image
image