🦵 ကြွက်တတ်ခြင်း ဘာလို့ဖြစ်တာလဲ (သို့) ကြွက်တတ်နိုင်သော အကြောင်းရင်းများ...
လူခန္ဓာကိုယ်မှာ ထိန်းချုပ်နိုင်သော ကြွက်သားနှင့် မထိန်းချုပ်နိုင်သော ကြွက်သားဟူ၍ ကြွက်သား(၂) မျိုးရှိ ပါတယ်။
ဥပမာ-ခြေ နှင့် လက်တို့ မတင်ခြင်း၊ လှုပ်ရှားခြင်း၊ ကွေးခြင်း၊ ခေါက်ခြင်း စသည်တို့ပြုလုပ်ချိန်မှာ အသုံးပြုသောကြွက်သားကို ထိန်းချုပ်နိုင်သော ကြွက်သားဟုခေါ်ပြီး ရုတ်တရက်ဆိုသလို ကြွက်တတ်ခြင်း၊ အကြောဆွဲခြင်း ဖြစ်စေနိုင်သော ကြွက်သားကို မထိန်းချုပ်နိုင်သော ကြွက်သားဟုခေါ်ပါတယ်။
ကြွက်တတ်သည့်အခါ စက္ကန့်အနည်းငယ်(သို့) မိနစ်အနည်းငယ်ကြာတတ်ပါတယ်။ကျား၊ မ အရွယ်အပိုင်းအ ခြားမရွေးကြွက်တတ်နိုင်ပြီး၊ သက်ကြီးရွယ်အိုများ အိပ်နေချိန်မှာ သွေးလည်ပတ်မှု နှေးကွေးခြင်း၊ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်သက်တမ်း ဒုတိယလပတ် ကာလအတွင်း ကိုယ်အလေးချိန်ပိုလာခြင်းတို့တွေ ကြောင့် ခြေ ၊ လက်တို့မှာ ကြွက်တတ်ခြင်း၊ အကြောဆွဲခြင်းဖြစ်လေ့ရှိပါတယ်။
အဓိက ကြွက်တတ်ရတဲ့အကြောင်းရင်းများကတော့-
(၁) ရေဓာတ်ခမ်းခြောက်ခြင်းနှင့် ဆားဓာတ်ကုန်ဆုံးခြင်းတို့ ရဲ့အကျိုးဆက်အဖြစ် ခြေသလုံးကြွက်သားတွေ နာကျင်ပြီး ကြွက်တတ်ခြင်းကို ခံစားရနိင်ပါတယ်။
(၂) ပူပြင်းတဲ့ ရာသီမှာလည်း လူအများခံစားရလေ့ရှိပြီး ကြွက်သားတွေ အပြင်းအထန်လှုပ်ရှား၍ပင်ပန်းနွမ်းနုယ်မှုများလေ ကြွက်တတ်နိုင်ချေများလေပါပဲ။
(၃) ကိုယ်နေဟန်ထားတစ်မျိုးထဲ အချိန်ကြာမြင့်စွာ နေထိုင်ခြင်း၊ ကုလားထိုင်ပေါ်တွင် အကြာကြီးထိုင်ခြင်း၊ အချိန်ကြာမြင့်စွာ ခြေချင်းချိတ်၍ ထိုင်နေရင်း ရုတ်တရက်မတ်တပ်ထရပ်ခြင်း၊ ငြိမ်သက်စွာ အိပ္စက္ပီး မွ ခြေ ထောက်အကြောဆန့် ခြင်း။ခပ်ပြင်းပြင်းလေ့ကျင့်ခန်းလုပ်ခြင်း၊ ရေကူးခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ကြွက်တတ်နိုင်သလို၊
(၄) ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ် (သို့) ပိုတတ်စီယမ် (သို့) မဂ္ဂနီစီယမ်ဓာတ်ချို့တဲ့ ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ အာရုံကြော(သို့) ကြွက်သားများဒဏ်ရာရခြင်း၊ ကြွက်သားများသွေးလည်ပတ်မှု အား နည်းခြင်း၊ ကျောက်ကပ်မကောင်းခြင်း စသည့်ရောဂါများကြောင့်လည်း ကြွက်တတ်နိုင်ပါတယ်။
ကြွက်တတ်တဲ့အခါ အောက်ကနည်းအတိုင်းလုပ်ဆောင်ပေးရင် သက်သာစေပါတယ်-----
(၁) ကြွက်တတ်ရင် လှုပ်ရှားမှုတွေရပ်တန့်ပြီး ကြွက်တတ်တဲ့ခြေထောက်ကို အနားယူဖြေလျှော့ထားပါ။ ဥပမာ- မတ်တပ်ရပ်နေစဉ် ကြွက်တက်ပါက ဦးစွာ ထိုင်ချပြီး ခြေချောင်း နှင့် ဒူးကိုအလိုက်သင့် ကွေးထားပေးပါ။(ခြေ ထောက်ဆန့်ထားလေ၊ ကြွက်သားတင်းမာလေဖြစ်သောကြောင့် နာကျင်မှု ပိုလာစေနိုင်ပါတယ်။
(၂) ကြွက်တတ်တဲ့အခါ ဖုထစ်နာကျင်နေတဲ့ ကြွက်သားနေရာကို အသာအယာဖျစ်ညှစ်ပြီး ဖြေလျှော့ပေးနိုင်ပြီး ဓာတ်ဆားရည်သောက်လျှင်လည်း သက်သာစေပါတယ်
(၃) ကြွက်သားပေါ်ကို ရေနွေးအိတ်အပူဖိကပ်ပေးခြင်း၊ အောက်ဖက်သို့အသာအယာဆွဲချခြင်း၊စသဖြင့်လုပ် နိုင်ပါတယ်။
(၄) ဆပ်ပြာရည်လောင်းချပေးပါ။ ဆပ်ပြာရည်၏ တန်ပြန်ဓာတ် သက်ရောက်မှုကြောင့် ကြွက်သားတွေကို စက္ကန့်အနည်းငယ်အတွင်းမှာပင် ပြေလျှာ့သွားစေပါတယ်။
(မှတ်ချက်- ကြွက်တတ်နေချိန် အနှိပ်ခံခြင်းက သက်သာနိင်တယ်ဆိုပေမယ့်၊ မှားယွင်းသောနည်းဖြင့် နှိပ်နယ်ပါက ကြွက်တတ်ခြင်းကိုပိုဆိုးစေပါတယ်။

image