1 ပတ် - ဘာသာပြန်ပါ။

“လွန်ခဲ့သော နှစ်ပေါင်းများစွာက ပင်လယ်ကြမ်းပြင်ဖြစ်ခဲ့သော
အမြင့်ဆုံးဧဝရက်တောင်၏ထူးခြားဖြစ်စဉ်”
ကမ္ဘာပေါ်မှာ အမြင့်ဆုံးနေရာဖြစ်တဲ့ ဧဝရက်တောင်ထိပ်ဟာ ရှေးဟောင်းပင်လယ်သတ္တဝါတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ ရောနှောနေတဲ့ ထုံးကျောက်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၄၇၀ က ဒီနေရာဟာ ရေတိမ်ပြီး အပူပိုင်းပင်လယ်တစ်ခုရဲ့အောက်မှာ တည်ရှိခဲ့ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခရုခွံတွေနဲ့ ပင်လယ်သတ္တဝါတွေဟာ ကျောက်အလွှာတွေအဖြစ် အနည်ကျခဲ့ပါတယ်။
အဲ့ဒီနောက် လွန်ခဲ့တဲ့ နှစ်သန်း ၅၀ ခန့်မှာ အိန္ဒိယကျောက်ချပ်လွှာက ယူရေးရှားကျောက်ချပ်လွှာကို ဝင်တိုက်ခဲ့ပြီး ကမ္ဘာမြေကို တွန့်လိမ်ခေါက်ချိုးစေကာ ရှေးဟောင်းပင်လယ်ကြမ်းပြင်ကို အပေါ်ကို ပင့်တင်ခဲ့ပါတယ်။ အဲ့ဒီကနေ ဟိမဝန္တာတောင်တန်းတွေ ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် တောင်တက်သမားတွေဟာ ဧဝရက်တောင်ထိပ်မှာ ရပ်နေတဲ့အခါမှာ ပင်လယ်ကြမ်းပြင်ဖြစ်ခဲ့ဖူးတဲ့ နေရာပေါ်မှာ တကယ်တမ်း ရပ်နေကြတာပဲ ဖြစ်ပါတယ်။

image