1 ပတ် - ဘာသာပြန်ပါ။

တောင်ငူတွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၁၈)ရပ်ကွက်၊ ဦးသာကျော်လမ်း ပိုင်ရှင် ဦးခင်နိုင်၏ (၂၀x၃၀)ပေ၊ RC (၂)ထပ် နေအိမ်တွင် စက်တင်ဘာလ ၃ ရက်နေ့၊ မနက် ၃ နာရီ ၁၅ မိနစ် အချိန်ခန့်က ပန်ကာအပူလွန်ကဲရာမှ အနီးရှိမွေ့ယာပေါ်သို့ မီးပွားကျပြီး မီးကူးစက်လောင်ကျွမ်းမှုခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါမီးလောင်မှုနေရာသို့ တောင်ငူမြို့နယ်မီးသတ်စခန်း၊ Taungoo Rescue ပရဟိတအသင်းနဲ့ မဟာမေတ္တာပရဟိတအသင်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းသားများပူးပေါင်းကာ မီးသတ်ယာဉ်(၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မနက် ၃ နာရီ ၃၈ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရပါတယ်။

အဆိုပါမီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ RC(၂)ထပ် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရှိမှုမရှိကြောင်းနဲ့ ပိုင်ရှင် ဦးခင်နိုင်အား တောင်ငူမြို့၊ အမှတ်(၁)နယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

image