1 ပတ် - ဘာသာပြန်ပါ။

#၀က်သားလုံးနှင့်ကျောက်ပွင့်ဟင်းရည်

ပါဝင်ပစ္စည်းများ
ဝက်သား - ၂၀ဝ ဂရမ် (ကြိတ်ပြီး)
ကျောက်ပွင့် - ၁ ပွင့်
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း/စားပွဲဇွန်း ၁ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း၊ စားပွဲဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ကော်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
ကြက်သွန်မြိတ် - အနည်းငယ်
ကြက်သွန်ဖြူ - ၃ မြွှာ
ချင်း - အနည်းငယ်
ရေ - ၁ လီတာ

ပြုလုပ်နည်း
၁။ ဝက်သား (ကြိတ်ပြီး) ကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆား လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကော်မှုန့် စားပွဲဇွန်း ၁/၂ ဇွန်းတို့ဖြင့် နယ်ပြီး အနေတော်အလုံးများ လုံးထားပါ။
၂။ ဒယ်အိုးထဲမှာ ရေ ၁ လီတာခန့် ထည့်ပြီး ကြက်သွန်ဖြူ (ဓားပြားရိုက်)၊ ချင်း (ပါးပါးလှီး) နှင့် အရသာများထည့်ကာ ဆူအောင် တည်ထားပါ။
၃။ ကျောက်ပွင့်ကို ရေစိမ်ပြီး ပျော့အောင် လုပ်ပါ။ ပြီးလျှင် အနေတော် လှီးဖြတ်ပါ။
၄။ ဟင်းရည်ဆူပြီဆိုလျှင် ဝက်သားလုံးနှင့် ကျောက်ပွင့်တို့ကို ထည့်ပါ။ အရသာကို လိုအပ်သလို ချိန်ဆပြီး ထည့်ပါ။
၅။ ဝက်သားလုံးလည်း ကျက်ပြီ၊ အနံ့အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

image