ထိုင်းစတိုင်ကြက်သားကင်လုပ်နည်း
အိမ်ကသားလေးကကြိုက်လို့ခဏခဏလုပ်ပေးဖြစ်တယ်
ကြက်သား1kg(ခြောက်ဆယ့်ငါးကျပ်သား) ရေဆေးပြီးခပ်သေးသေးလေးတွေလှီးထားပါ
ကျွန်မကပေါင်သားကိုသုံးထားပါတယ်
ကင်ရင်ပိုနူးညံပြီးစားလို့ကောင်းပါတယ်
ရင်အုံသားသုံးရင်လည်းရပါတယ်
ကြက်အသဲ ကြက်ရိုး ကြက်ရေခွံ အကုန်ရပါတယ်
ပြီးရင်ကြက်သားထဲကိုငရုပ်ကောင်း ထမင်းစားဇွန်းတဇွန်း ၊ကြက်သွန်ဖြူဆယ့်ငါးမွာလောက်
နံနံပင် အမြစ်ငါးခုလောက်ကိုအားလုံးရောထောင်းပြီးထည့်.ထိုင်းထန်ညက်အပျော့ 150g(တဆယ်သားနီးပါး)မရှိရင်သကြားသုံးလည်းရပါတယ်
ပဲငံပြာရည်အကြည် လေးဇွန်း၊ခရုဆီလေးဇွန်းပဲငံပြာရည်အနောက်နှစ်ဇွန်း၊ကြက်သားမုန့်တဇွန်း၊ဆားထမင်းစားဇွန်းသုံးပုံတပုံ နို့စိမ်းသို့မဟုတ်အုန်းနို့ထမင်းစားဇွန်းငါးဇွန်းလောက် အားလုံးထည့်ပြီးသမအောင်နယ်ပေးပါ
အသားထဲကိုအရသာတွေဝင်သွားအောင်အနည်းဆုံးရှစ်မိနစ်လောက်နယ်ပေးပါ။
နယ်ထားတဲ့အသားတွေကိုတုတ်လေးတွေနဲ့ထိုးပါ
ပြီးရင်အနည်းဆုံးသုံးနာရီလောက်ရေခဲသေတ္တာထဲမှာနှပ်ထားပြီးရင်ကင်လို့ရပါပြီ
မနက်မှာကင်ရင်ညကတည်းကရေခဲသေတ္တာထဲထည့်ထားပါ
မီးသွေးမီးလေးနဲ့ကင်ရင်ပိုမွှေးပြီးစားကောင်းပါတယ်
ကိုယ်အဆင်ပြေတာနဲ့ကင်လို့ရပါတယ်
Air fryerနဲ့ကင်ရင်လည်းရပါတယ်ရှင်
ကောက်ညှင်း ပေါင်းလေးနဲ့အရမ်းကိုလိုက်ဖက်သောလေးပါ
ထမင်းစားဇွန်းနဲ့ပဲသုံးထားပါတယ်
