1 ပတ် - ဘာသာပြန်ပါ။

Typing လေ့ကျင့်ရာတွင် သိထားသင့်သော အချက် (၇) ချက် အားမျှဝေပေးလိုက်ပါတယ်။
-----------------------------------------------------------
(၁) Keyboard ပေါ်မှာ စာရိုက် တဲ့ အခါ Home keys: အ နေဖြင့် ဘယ်လက်ကို (A S D F) နှင့် ညာလက်ကို (J K L ; ) မှာ ပုံသေထားပေးရပါမယ်။
(၂) ကီးတစ်ခုခုကို ရိုက်ပြီးတိုင်း အသင့်အနေအထားဖြင့် Home key ပေါ်မှာဘဲ ပြန်ထားပေးပါ။
(၃) ကွန်ပျူတာကို အသုံးပြုတဲ့အခါမှာ ခါးကို မတ်မတ်ထိုင်ပြီး ပခုံး လက်နှင့် ခြေ ထောက်တို့ကို သက်သာအ နေအထားမှာ ရှိနေပါစေ။
(၄) ပထမအဆင့်အ နေနှင့် ကီးဘုတ်ပေါ်မှ ကီးများကို မည်သည့် လက်ချောင်းများဖြင့် ရိုက်ရမည်ကို အလွတ် ရသည်အထိ လေ့ကျင့်ပေးရမှာ ဖြစ်ပါတယ်။
(၅) ဒုတိယ အဆင့်အ နေနဲ့ ကီးဘုတ်ပေါ်မှ အဓိက ရိုက်ရတဲ့ ကီးများကို မှတ်မိသွားပြီဆိုလျှင် ကီးဘုတ်ကို မကြည့်တော့ဘဲ တစ်ချက်ချင်းစီ မှန်မှန်လေး ရိုက်ပြီး လေ့ကျင့်ပေးရပါမယ်။ မတတ်သာလို့ကြည့်မိလျှင် လည်း ကြည့်မိသည့် အကြိမ်နည်းနိုင်သမျှ နည်းအောင်လေ့ကျင့်ပါ။
(၆) တတိယ အဆင့်အ နေနဲ့ အမှားနည်းနည်းဖြင့် မြန်မြန်ရိုက်နိုင်အောင် လေ့ကျင့်ပေးရပါမယ်။
(၇) သတိပြုရန်အချက် က တော့ မကျွမ်းကျင်သေးခင် စာရိုက်တဲ့အခါမှာ စာလုံးတစ်လုံးချင်းစီကို စိတ်ထဲမှ ရွတ်ပြီး ရိုက်ပေးရမှာ ဖြစ်ပါတယ်။

image