🤍✨ ဆန်ဆေးရည်ကို သဘာဝပိုးသတ်ဆေးနဲ့ သဘာဝမြေသြဇာဖြစ်အောင် အိမ်မှာပဲ ကိုယ်တိုင် အလွယ်တကူလုပ်နိုင်ပြီး အပင်တွေကြီးထွားအောင် လုပ်နိုင်ပါတယ်။
တကယ်တော့ နေ့တိုင်းသွန်ပစ်နေတဲ့ ဆန်ဆေးရည်မှာ သတ္တုဓာတ်တွေ အများကြီးပါဝင်တာကို လူတော်တော်များများ မသိကြပါဘူး။ ဒါတွေကို အချဉ်ဖောက်လိုက်တဲ့အခါ သဘာဝမြေသြဇာနဲ့ သဘာဝပိုးသတ်ဆေးတစ်မျိုး ဖြစ်လာပါတယ်။
ပြုလုပ်နည်း......
* ပလတ်စတစ်ဘူး အလွတ်တစ်လုံးယူပြီး
သကြား စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။
* ဘူးထဲကို ဆန်ဆေးရည် မပြည့်တပြည့် ထည့်ပါ။
(ဓာတ်ငွေ့ထွက်နိုင်ဖို့အတွက် ၂ လက်မစာလောက် နေရာ
လွတ် ချန်ထားပေးပါ။)
* ဘူးအဖုံးကို ခပ်တင်းတင်းပိတ်ပြီး သကြားတွေ ပျော်သွား
တဲ့အထိ အားရပါးရ လှုပ်ပေးပါ။ ပြီးရင် အဖုံးကို ခပ်ဖွဖွ
လေးပြန်ဖွင့်ထားပေးပါ။
* ပြီးရင် အရိပ်ရတဲ့နေရာမှာ ၇ ရက်လောက်ထားပြီး အချဉ်
ဖောက်လိုက်ပါ။ အဲ့ဒါဆို အသုံးပြုဖို့ အဆင်သင့်ဖြစ်ပါပြီ။
အသုံးပြုနည်း.......
* ပြုလုပ်ထားတဲ့ ဆန်ဆေးရည်အချဉ် ၂၀ စီစီကို
ရေ ၂၀ လီတာနဲ့ ရောပြီး အပင်တွေကို လောင်းပေးပါ။
* ၃ ရက်ကနေ ၅ ရက်ခြားတစ်ခါလောက် ပုံမှန်လောင်းပေး
ရင် သီးပင်စားပင်တွေဟာ အရွက်တွေစိမ်းလာပြီး
ပိုပြီးသန်မာလာပါလိမ့်မယ်။
* ပြုလုပ်ပြီး ၃ လအတွင်း ကုန်အောင် သုံးစွဲသင့်ပါတယ်။
ဒါမှ ထိရောက်မှု အရှိဆုံးဖြစ်မှာပါ။
အကျိုးကျေးဇူးများ.......
* အသီးအရွက်၊ အသီးအနှံ၊ ပန်းမျိုးစုံ စတဲ့ အပင်အားလုံး
ကို ကြီးထွားနှုန်းမြန်စေပါတယ်။
* အိမ်သာအိုးထဲကို လောင်းထည့်ရင်လည်း အညစ်အကြေး
တွေကို ပျော်ဝင်စေပြီး အနံ့အသက်တွေကို ဖယ်ရှားပေး
ပါတယ်။
* အချဉ်ဖောက်တဲ့အခါ ရှောက်သီးကိုပါ ထည့်လိုက်မယ်ဆို
ရင် အိမ်သာသန့်စင်ဆေးရည်အဖြစ်ပါ အသုံးပြုလို့ရပါတယ်။
🪴 ဒီနည်းလမ်းက အပင်တွေအတွက်ရော အိမ်အသုံးအဆောင်တွေအတွက်ပါ အကျိုးရှိတာကြောင့် အရမ်းကို တန်ဖိုးရှိတဲ့ နည်းလမ်းတစ်ခုပါပဲ။
