နံနံပင် စျေးကြီးနေလို့ အိမ်မှာပဲကိုယ်တိုင်စိုက်ကြမယ် 🥰
နံနံမျိုးစေ့ စိုက်နည်းလေးကိုပါ တစ်ခါတည်းပြောပြပေးပါမယ် ။
နံနံမျိုးစေ့က အစေ့ပေါက်တာ ကြာပါတယ် ။
- စိုက်နည်း -
1. နံနံမျိုးစေ့ကို အဝတ်စ သို့မဟုတ် ပလတ်စတစ်အိတ်လေးထဲ ထည့်ပြီး ဖန်ပုလင်းနဲ့ အသာအယာလှိမ့်ပေးပါ ။
အစေ့လေးတွေ ၂ ခြမ်းကွဲသွားအောင်ပါ ။
2. ပြီးရင် တစ်ည ရေစိမ်ပါ ။
3. စိုက်မယ့်မြေကို ရေဝအောင် လောင်းထားပါ ။
4. နံနံပင် မျိုးစေ့ ကြဲပါ ။
5. ကြဲပြီး အပေါ်က မြေပြန်ဖုံးတဲ့အခါ
မြေကြီးမွမွ သို့မဟုတ် အုန်းဆံမှုန့်ကို လက်လေးနဲ့ပဲ ခပ်ပါးပါး အသာအယာလေး ကြဲပက်ပေးပါ ။
အပေါ်က မြေထူထူဖုံးမိရင် အပင်ပေါက်ထွက်လာဖို့ ခက်ခဲလို့ပါ။
6. ဒါဆိုရင် တစ်ပတ် ၁၀ရက်ခန့်အကြာမှာ နံနံပင်ပေါက်လေးတွေ ထွက်လာမှာဖြစ်ပါတယ် ။

image