1 ပတ် - ဘာသာပြန်ပါ။

ဖာဂူဆန်မရှိတော့တဲ့နောက် သရဲနီတို့ လုပ်ခဲ့တဲ့ အကြီးဆုံးအမှားကို ပြောပြလိုက်တဲ့ ဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က ဆာအဲလက်စ် ဖာဂူဆန် အနားယူသွားခဲ့ပြီးနောက်ပိုင်း မန်ယူနိုက်တက်တို့ လုပ်ခဲ့တဲ့ အကြီးမားဆုံး အပြောင်းအရွှေ့အမှားကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဂ်လိပ်ဘောလုံးလောကရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံးသောအသင်းဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၃ ခုနှစ်မှာ ဖာဂူဆန်အနားယူပြီးကတည်းက ဆိုးရွားတဲ့အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန် ထွက်သွားပြီးကတည်းက လိဂ်ဖလားတစ်ကြိမ်မှ မရရှိခဲ့ရုံတင်မကဘဲ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်အဆင့် ၁၅ နေရာမှာ ပြီးဆုံးခဲ့တဲ့အထိ အခြေအနေ ဆိုးရွားခဲ့တာဖြစ်ပြီး ဒီရာသီမှာလည်း ဆက်လက်ရုန်းကန်နေရတာဖြစ်ပါတယ်။
အမိုရင်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အပတ်မှာ လိဂ် ၂ အသင်းဖြစ်တဲ့ ဂရင်မ်စ်ဘီတောင်းအသင်းကို ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဖာဂူဆန် ထွက်ခွာသွားပြီးနောက်ပိုင်းကတည်းက သရဲနီတွေရဲ့ ကစားသမားသစ် ခေါ်ယူမှုတွေကလည်း ဆိုးရွားခဲ့တာဖြစ်ပါတယ်။
ဖာဒီနန်က သူ့ရဲ့အသင်းဟောင်းဟာ ဟာရီ ကိန်းနဲ့ ဒီကလန် ရိုက်တို့ကို ခေါ်ယူခဲ့မယ်ဆိုရင် လက်ရှိအခြေအနေနဲ့ မတူညီတဲ့နေရာတစ်ခုမှာ ရှိနေခဲ့လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးကို စွန့်ခွာဖို့ လုပ်ဆောင်ခဲ့တဲ့ ဟာရီ ကိန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ဒီကလန် ရိုက်ကိုလည်း အာဆင်နယ်က ပေါင် ၁၀၅ သန်းနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။
“ဒါက သူတို့တွေ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သူတို့လုပ်ခဲ့တဲ့ အကြီးမားဆုံးအမှားပဲ။ သူတို့တွေသာ စပါးစ်လိုချင်တဲ့ပမာဏအတိုင်း ပေးခဲ့ရင် သူတို့တွေ ဟာရီကိန်းကို ရခဲ့မှာပါ။ အဲဒီအပြောင်းအရွှေ့ ဖြစ်မလာတာက တွေးကြည့်ဖို့တောင် ထူးဆန်းပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူနိုက်တက်မှာ ပိုက်ဆံတွေ အများကြီးရှိနေလို့ပါ။ အဲဒါက ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် အမှန်အတိုင်း တွေးကြည့်ရင် အဲဒီအပြောင်းအရွှေ့ကာလမှာ မန်ယူနိုက်တက်သာ ဟာရီ ကိန်းနဲ့ ဒီကလန်ရိုက်တို့ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် သူတို့တွေ အခုဆိုရင် မတူညီတဲ့နေရာတစ်ခုမှာ ရှိနေမှာပါ။ အဲဒီအပြောင်းအရွှေ့တွေက ပတ်ဝန်းကျင်တစ်ခုကို ပြန်သွားစေမှာပါ။ ဒီ ၂ ယောက်က ပတ်ဝန်းကျင်တစ်ခုဖြစ်လာအောင် မောင်းနှင်နိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ထိပ်တန်း ပရော်ဖက်ရှင်နယ်ကစားသမားတွေမို့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Photo credit to owner
#manchesterunited

image