Neuroplasticity and Pilates (1)
Neuroplasticity ဆိုတာ ဦးနှောက်ရဲ့တိုးတက်ပြောင်းလဲနိုင်စွမ်းကိုခေါ်တာပါ။ ကျမတို့ရဲ့ဦးနှောက်က အတွေ့အကြုံသစ်တွေ၊ ပညာရပ်အသစ်တွေကို သင်ယူတဲ့အခါ neural connections တွေအသစ်ဖြစ်ပြီး patterns အသစ်တွေကို သူ့ဟာသူဖန်တီးနိုင်ပါတယ်။
အခုပုံထဲမှာပြထားတဲ့ လိုင်းတွေက Fascia လို့ခေါ်တဲ့ connecting tissue networkပါ။ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အစိတ်အပိုင်းတိုင်းရဲ့ကြွက်သား၊ အတွင်း organsတွေနဲ့ အာရုံကြော nerves တွေကို ချိတ်ဆက်ပြီး ကိုယ့်ရဲ့အာရုံခံစားမှုတွေ၊ စိတ်ခံစားမှုတွေကို ဦးနှောက်ကိုတဆင့်သတင်းပို့တာပါ။ အဲ့ဒါကြောင့် ကိုယ်ဒေါသထွက်တယ်၊ ကြောက်တယ်၊ စိုးရိမ်တယ် ဒီလိုစိတ်ခံစားမှုတွေကို ဦးနှောက်ကို သတင်းပို့ရင် Fascia ကအလိုအလျောက် ကြုံ့ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ခန္ဓာကိုသတိပေးပါတယ်။ ဒီလိုစိတ်ခံစားမှုတွေကို hold ထားတာအချိန်ကြာလာလေ Fasica ကနေတစ်ဆင့် သတင်းပေးပို့ပြီး ခန္ဓာကိုယ်ကပိုပြီး တောင့်တင်းလာမယ်၊ လှုပ်ရှားမှုတွေမှာ မပေါ့ပါးတော့ဘူး၊ အတွင်း organs တွေဆီ သွေးလည်ပတ်မှုတွေကိုပါ ထိခိုက်လာပါတယ်။ စိတ်တိုပြီးရင် လည်ပင်းမှာ တစ်ခုခုတစ်နေသလိုဖြစ်တာ၊ ရင်ဘတ်ထဲ တင်းကြပ်လာတာတွေ၊ အိမ်သာသွားချင်သလိုဖြစ်တာတွေ၊ အကြောတင်းတာတွေက ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို Fascia ကနေ hold ထားလို့ပဲဖြစ်ပါတယ်။
ခန္ဓာကိုယ်မှာရှိတဲ့ tension တွေ၊ trauma တွေကို movement နဲ့ flexibilityကောင်းအောင်၊ strength ကောင်းအောင် လေ့ကျင့်ရင်း ဖွင့်ထုတ်ချမှသာ စိတ်ရော၊ လူရောပိုပေါ့ပါးလာတာပါ။
Pilates မှာ exercises တစ်ခုချင်းစီတိုင်းက muscle focusတွေ၊ တိကျတဲ့ movement patternsတွေ အများကြီးပါပါတယ်။ Pilates ရဲ့ Contrology ဆိုတာ Mind over Body ဦးနှောက်ရဲ့ သိစိတ်အတိုင်း ခန္ဓာကိုယ်ကို ခိုင်းစေလှုပ်ရှားရတာပါ။ အဲ့လိုလှုပ်ရှားမှုတွေတိုင်းမှာ ဦးနှောက်နဲ့ muscle၊ ခန္ဓာအစိတ်အပိုင်းကြား neural connections အသစ်တွေဖြစ်ပါတယ်။ Neuroplasticity မှာဆို rewire ဖြစ်တယ်လို့ခေါ်ပါတယ်။ Neural connections အသစ်တွေကနေ patterns အသစ်တွေကို ဦးနှောက်ကဖန်တီးပြီး အရင်ကမမြင်ဖူးတဲ့ perspective အသစ်တွေကနေ ပြသနာတွေက်ု မြင်လာနိုင်ပြီး ဖြေရှင်းလာနိုင်မှာပါ။ New me ဆိုတာ အဲ့လိုအချိန်မှာ ဖြစ်လာတာပါ။
Pilates နဲ့ပတ်သတ်တဲ့အကြောင်းတွေကို အားရင်အားသလို ရေးသွားပေးမှာမို့ နံပါတ်လေးတွေတပ်ထားမယ်။ အားရင်ဖတ်ကြည့်လို့ ရပါတယ်ရှင့် 🤍ဆရာဇေယျာက ကိုယ့်ကိုစာရေးဖို့တိုက်တွန်းလို့ စာတွေဖတ်ပြီးတိုင်း ကိုယ့်ရဲ့အမြင်လေးတွေကို စမ်းရေးကြည့်ပါဦးမယ် 🤩
