၁၇၀၀ ပြည့်လွန်နှစ်တွေမှာ Antoine Augustin Parmentier ဆိုသူဟာ ပြင်သစ်လူမျိုးတွေကို အာလူးဟာ စားသုံးဖို့ စိတ်ချရရုံသာမက တန်ဖိုးရှိတဲ့ အစားအစာအရင်းအမြစ်တစ်ခုဖြစ်ကြောင်း ပြောဆိုဖို့ ကြိုးပမ်းခဲ့ပါတယ် အဲဒီအချိန်က အာလူးကိုစားရင် ရောဂါတွေရနိုင်တယ်လို့ ယုံကြည်တာကြောင့် လူတွေက အာလူးကို လူသားတွေအတွက် မသင့်တော်ဘူးလို့ ယူဆခဲ့ကြပါတယ်
သူတို့ရဲ့အမြင်ကို ပြောင်းလဲနိုင်ဖို့အတွက် Parmentier ဟာ အကြံဉာဏ်တစ်ခု ရရှိခဲ့ပါတယ် အဲ့ဒါကတော့ အာလူးစိုက်ခင်းတွေကို စိုက်ပျိုးပြီး စစ်သားတွေကိုစောင့်ခိုင်းခဲ့တာဘဲဖြစ်ပါတယ် လှည့်ကွက်ကတော့ လူတွေဟာ အားလူးခင်းတွေကို စစ်သားတွေစောင့်တဲ့ အတွက် တန်ဖိုးကြီးလိမ့်မယ်လို့ ထင်ခဲ့ကြပြီး အာလူးတွေကို ခိုးယူဖို့ကြိုးစားလာခဲ့ပါတယ် အဲ့ဒီအခါ လာဘ်ယူပြီး မသိကျိုးကျွန်ပြုဖို့လည်း စစ်သားတွေကို လျှို့ဝှက်ညွှန်ကြားခဲ့ပါတယ်
ဒီလိုပြောင်းပြန်စိတ်ပညာကို အသုံးပြုခဲ့တာဟာ အောင်မြင်ခဲ့ပါတယ် မကြာခင်မှာပဲ လူတွေဟာ အာလူးတွေကို တန်ဖိုးရှိတဲ့အရာလို့ ယူဆပြီး ခိုးယူကာ သူတို့ရဲ့ ကိုယ်ပိုင်ဥယျာဉ်တွေမှာ ပြန်စိုက်ပျိုးလာကြပါတယ် နှစ်အနည်းငယ်အတွင်းမှာဘဲ အာလူးဟာ ပြင်သစ်အစားအစာတွေရဲ့ အဓိက အစားအစာတစ်ခု ဖြစ်လာခဲ့ပြီး အစားအသောက်ပုံစံနဲ့ စိုက်ပျိုးရေးကို ထာဝရပြောင်းလဲစေခဲ့ပါတယ်
Parmentier ရဲ့ ဉာဏ်နီဉာဏ်နက်သုံးတဲ့ နည်းဗျူဟာဟာ ပြင်သစ်ယဉ်ကျေးမှုကို ပုံဖော်ခဲ့ရုံသာမက လူ့ရဲ့ စူးစမ်းလိုစိတ်နဲ့ တားမြစ်ထားတဲ့အရာတွေကို တောင့်တမှုက ဘယ်လိုကြီးမားတဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေနိုင်သလဲဆိုတာကိုလည်း ဖော်ပြခဲ့ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
